- တော်ပုံကျေးရွာအုပ်စု၊ တော်ပုံကျေးရွာ၊ တောင်စွန်းတောင်တွင် တည်ရှိပြီး ဘားအံမြို့မှ (၆)မိုင် (၂)ဖာလုံအကွာ၊ အချိန်အားဖြင့် (၁၅)မိနစ်ကျော်သာသွားရသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပါတယ်။
- ပဒုမ္မာလှိုဏ်ဂူအတွင်းတွင် သဘာဝရေထွက်ပေါက်များရှိပြီး ရေခမ်းခြောက်ခြင်းမရှိဘဲ နှစ်စဉ် မြန်မာ့ ရိုးရာ မဟာသင်္ကြန်အခါကြီးရက်ကြီး နှစ်သစ်ကူးရက်များတွင် တောင်စွန်းဆရာတော်ကြီးမှ ကြီးမှူး ၍ လှိုဏ်ဂူတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်းကုသိုလ်တို့လည်း ပြုလုပ်လေ့ရှိကြပါတယ်။
- လှိုဏ်ဂူအတွင်း၌လည်း လင်းနို့ငှက်အကောင်ရေ ထောင်ကျော်ခန့် နေထိုင်လျက်ရှိကြသည်မို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။














