ကရင်ပြည်နယ်ရှိ ခရီးစဉ်ဒေသအသစ်များ

ကရင်ပြည်နယ်ရှိ ခရီးစဉ်ဒေသအသစ်များ

ခရီးစဉ်အမည်

ဘားမဲတောင်ရုက္ခဗေဒသဘာဝအ ပန်းဖြေဥယျာဉ် (Hpa-Mal Botanical Gardens)

အကြောင်း

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချူပ်မှတက်ရောက် ဖွင့်လှစ်ပေးခဲ့သော ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ မြေချိန်ဧရိယာ(၁၇)ဧကခန့်ရှိ ဘားမဲ တောင်ရုက္ခဗေဒသဘာဝ အပန်းဖြေဥယျာဉ်သဘာဝပေါက်ပင်(၇၈)မျိုး၊ အပင်အရေအတွက်(၁၅၅၇)ပင် တို့ပါဝင်ကာ သဘာဝဥယျာဉ် (Hpa-Mal Botanical Gardens) အား အပင်များ၏ သွင်ပြင်လက္ခဏာကို ရှုချင်သဖွယ်ဖြစ်အောင် ကန်၊ မြက်ခင်း၊ ဥယျာဉ်တို့ကို အမြဲတမ်းစိမ်းလန်းနေစေ၍ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ လာရောက်လည်ပတ်ကြပြီး ပြည်တွင်းပြည်ပခရီးသွားများနှင့် ဒေသခံများအပန်းဖြေအ နားယူနိုင်ရန် သဘာဝအခြေခံ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော အပန်းလည်းပြေ ဗဟုသုတလည်းဖြန့်ဝေပေးနိုင်သော ခရီးစဉ်သစ်တစ်ခုအဖြစ်ပေါ်ထွက်လာစေ ရန်ရည်ရွယ်ဆောင် ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

Hpa-Mal Botanical Garden was opened on 27th November, 2021 which was attented by Kayin State Government, State Chief Minister. It is located at Ward No.4, Kanar Road in Hpa-an and the total land area is about (17) Acres. In this garden, consisting of (78) typyes of natural plants and total number of plants are (1557). The appearance of the Hpa-Mal Botanical Garden was created by the lake, grassland, and garden to be always green. The main idea to open the garden is not only for relaxing but also to get knowledge of the new destination for local and foreign travellers who are visting Hpa-an.

 

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ကြာအင်းတောင် (Kyarinn Hill)

အကြောင်း

ဘားအံမြို့ရှိ ကြာအင်းတောင်သည် ပေ(၁၅၀၀)ခန့်မြင့်မားပြီး ခရီးစဉ်အသစ်အဖြစ် မြို့ခံ ပြည်သူများသာမက အခြားဒေသမှ ပြည်တွင်းခရီးသွားဧည့်သည်များပါ လာရောက်လည်ပတ်လျက် ရှိပြီး ပြည်နယ်အစိုးရမှ ရှုခင်းသာ၊ အများသုံးသန့်စင်ခန်း (၄)ခန်းတွဲ(၁)လုံးနှင့် (၈)ခန်းတွဲ(၁)လုံး၊ ကားရပ်နားကွင်း(၂)ခု တည်ရှိကာ အစရှိသည်တို့ကို စိတ်ချမ်းမြေ့စွာအပန်းဖြေ လေ့လာနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

Kyarinn Hill is located in Hpa-an and about 1500 feet high. Not only the local people from the area but also the domestic traveller s are visiting as a new destination. State Government had constructed a view point, public toilets, car parkings and it can be more relaxing to explore the area in Kyarinn Hill.

 

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and foreign travellers can visit in anyseason.

**********

 

ခရီးစဉ်အမည်

ဇွဲကပင်ပန်းခြံ

အကြောင်း

ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရုံးကုန်း အဝိုင်းအနီးရှိ ဇွဲကပင်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အနားယူအပန်း ဖြေနိုင်ရေး၊ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်၏ တန်ဖိုးနှင့်အရေးကြီးပုံကို ပြည်သူလူထု အများစုက သဘောပေါက်တန်ဖိုးထားတက်စေရန်၊ ရုက္ခဗေဒပညာရှင်များ၊ ပန်းဝါသနာရှင်များ၊ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်စေရန် ရည်ရွယ်၍(၂၆-၃-၂၀၂၂) ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။

Zwekapin Park was opened on 26th March, 2022 by Kayin Chief Minister, U Saw Myint Oo. He aimed to build this park for domestic and foreign travellers to be relaxed, to get a better understanding of the value and importance of forest and natural environment by public people and to become a attraction place for Botanists, Florists and travellers who are visiting theis area.

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and foreign travellers can visit in anyseason.

**********

 

ခရီးစဉ်အမည်

လှာကမြင်ပန်းခြံ (Hlarkamyin Park)

အကြောင်း

ကရင်ပြည်နယ်အတွင်း ခရီးစဉ်ဒေသများအား ဖေါ်ထုတ်မြှင့်တင်ခြင်း အစီအစဉ်အရ ကရင်ပြည် နယ်၏မြို့တော် ဘားအံမြို့အား Green City, Clean City ဖြစ်စေရေး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လှပစေရေးနှင့် ရုက္ခဗေဒပညာရှင်များ၊ ပန်းဝါသနာရှင်များ၊ ဒေသခံများ၊ ခရီးသွား ပြည်သူများ လေ့လာအပန်းဖြေအနားယူနိုင် ရန်အတွက် (၆၇)နှစ် မြောက်ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လှာကမြင်ပန်းခြံဖွင့်ပွဲအား (၃၁-၁၀-၂၀၂၂)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ ပါသည်။

As a promoting destination, State Chief Minister aim the capital city of Kayin State, Hpaan to become a Green and Clean City, let the botanists, flower lovers, locals and travellers of explore and relax at Hlarkamyin Park, it was successfully opened at 61th Karen State Day on 31st October, 2022.

 

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and foreign travellers can visit in anyseason.

**********

 

ခရီးစဉ်အမည်

ကန်သာယာ ဦးပေါက်တံတား (Kanthaya U Pauk Bridge)

အကြောင်း

ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကန်သာယာပတ်လမ်း၊ ဦးပေါက်တံတားဖွင့်ပွဲကိုကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ ဘားအံမြို့၏ အလယ်ဗဟိုတွင် တည်ရှိပြီး ဧက(၁၀၀)ခန့်ကျယ်ဝန်းသော ကန်သာယာရေကန်ကြီးကို စိမ်းလန်းစိုပြေမှုရှိစေရေးနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိစေရေး၊ အများပြည်သူ အနားယူအပန်းဖြေနိုင်စေရေး၊ ရှုခင်းအလှများကြည့်ရှုခံစားနိုင် စေရေး၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်စေရေးအတွက်(၁၂-၄-၂၀၂၂) ရက်နေ့ တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။

Kayin State Chief Minister, U Saw Myint Oo opened U Pauk Bridge, which is located in Ward No(4), Hpa-an, the center of Hpa-an City and across the (100) acre wide. To keep the Kanthaya Lake green and attract local and foreign travellers to come and relax, enjoy the beauty of landscapes and do physical exersises for health and it was successfully opened on 12th April, 2022.

 

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and foreign travellers can visit in anyseason.

**********

 

ခရီးစဉ်အမည်

ထွန့်ပတိုင် ရေကန် (Htut Pataing Lake)

အကြောင်း

ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကန်သာယာပတ်လမ်း၊ ဦးပေါက်တံတားဖွင့်ပွဲကိုကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ ဘားအံမြို့၏ အလယ်ဗဟိုတွင် တည်ရှိပြီး ဧက(၁၀၀)ခန့်ကျယ်ဝန်းသော ကန်သာယာရေကန်ကြီးကို စိမ်းလန်းစိုပြေမှုရှိစေရေးနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိစေရေး၊ အများပြည်သူ အနားယူအပန်းဖြေနိုင်စေရေး၊ ရှုခင်းအလှများကြည့်ရှုခံစားနိုင် စေရေး၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်စေရေးအတွက်(၁၂-၄-၂၀၂၂) ရက်နေ့ တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။

Kayin State Chief Minister, U Saw Myint Oo opened U Pauk Bridge, which is located in Ward No(4), Hpa-an, the center of Hpa-an City and across the (100) acre wide. To keep the Kanthaya Lake green and attract local and foreign travellers to come and relax, enjoy the beauty of landscapes and do physical exersises for health and it was successfully opened on 12th April, 2022.

 

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and foreign travellers can visit in anyseason.

**********

 

ခရီးစဉ်အမည်

ချောင်းဆုံရေတံခွန် (Chanungson Waterfall)

အကြောင်း

ဘုရားသုံးဆူမြို့၊ ချောင်းဆုံကျေးရွာတွင် တည်ရှိသော သဘာဝရေတံခွန်မှာ (၂၀၀ မီတာ x ၁၀၀ မီတာ) ရေစီးချောင်းအကျယ်ရှိပြီး ချောင်းအတွင်း လူ(၁၀)ဦးဆန့် တဲ(၁၀)လုံး၊ ချောင်းဘေး လူ(၁၀)ဦးဆန့် တဲ(၂၃)လုံးတို့ကို ရေပေါ်နှစ်ဖက်နှင့်ချောင်းကမ်းပတ်လည်တွင် တည်ဆောက်ထားပါ သည်။ စားသောက်ဆိုင်၊ မင်္ဂလာခန်းမ၊ ကမ်းနဖူးBarဆိုင်(၂)ခန်းတွဲ ဘန်ဂလို(၂၄)လုံးတို့ကို တည်ဆောက်လျက်ရှိပါသည်။

Natural Waterfall is about ( 200×100 meters ) wide and located in Chanungson village, Bayathonsuu City. (10)tents for ten people size capacity, (23)tents for ten people size capacity by the creek had been built for both sides of the water and around the creek. Restaurant, weeding hall, beach front bar and (24)bangalows are on constructed.

 

ဓါတ်ပုံ

 

မှတ်ချက်

လတ်တလော ပြည်ပခရီးသွား များအတွက် လုံခြုံရေးကန့် သတ်မှုရှိပါသည်။
There has currently security restrictions for foreign tourists.

**********

 

ခရီးစဉ်အမည်

မက္ကသာ (ထီလောင်ယှူး) ရေတံခွန်ခရီးစဉ် (Makkar Waterfall)

အကြောင်း

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာဘေးမဲ့သစ်တောဧရိယာအတွင်းရှိ ထီလောင်ယှူးရေတံခွန်သည် သဘာဝရေတံခွန်တစ်ခုဖြစ်ပြီး အပျော်တမ်းလှေစီးခြင်း၊ ရေကူး ခြင်း၊ အပန်းဖြေစားသောက်နိုင်သောသောက်ဆိုင်များ တည်ဆောက်ထားရှိပါသည်။

Near Phayarthonsuu City town, Kyarinnsaikgyi Township, in the nature reserve area of Makkar, Htilaungsuu waterfall is a natural waterfall and is a place of fun boating and swimming. There are a number of restaurants built for relaxation.

 

ဓါတ်ပုံ

 

မှတ်ချက်

လတ်တလော ပြည်ပခရီးသွား များအတွက် လုံခြုံရေးကန့် သတ်မှုရှိပါသည်။
There has currently security restrictions for foreign tourists.

**********

 

ခရီးစဉ်အမည်

သဘာဝရေကူး ကန်နှင့် အပန်းဖြေစခန်း (Natural Swimming Pool and Resort)

အကြောင်း

ဘုရားသုံးဆူမြို့၊ ကျောက်ပလူးကျေးရွာတွင် တည်ရှိပြီး လူလုပ်သဘာဝရေတံခွန်(ရေကူး ကန်) တစ်ခုဖြစ်ကာ 93/94 ကီလိုမီတာအကြား အကျယ်(၂၀၀ ပေ x ၆၀ ပေ ) ခန့်အနက် (၄ ပေ) ရှိ၍ အနားယူတဲ(၃၀)လုံးအား ကန်ပတ်လည်တွင် တည်ဆောက်ထားရှိပြီး အများသုံးအိမ်သာ (ကျား/မ) (၄)ခန်းတွဲ(၁)လုံးကိုလည်းတည်ဆောက်လျက်ရှိပါသည်။

It is located in Kyautbaluu village, Phayathonsuu Town. It is a man-made natural waterfall (swimming pool), between 93-94 km; about (200 × 60) feet wide and the deep is (4) feet. It has (30) bamboo huts for tanking a rest and (4) public toilets (Male/Female) had been constructed around the circuit of the lake.

 

ဓါတ်ပုံ

 

မှတ်ချက်

လတ်တလော ပြည်ပခရီးသွား များအတွက် လုံခြုံရေးကန့် သတ်မှုရှိပါသည်။
There has currently security restrictions.

**********

 

ခရီးစဉ်အမည်

သံလွင်မြစ်ကြောင်း အပျော်စီးခရီးစဉ် (Thanlwin River Cruise)

အကြောင်း

သံလွင်မြစ်ကြောင်းအတွင်း၌ အပျော်စီးသင်္ဘောခရီးစဉ်ကို ထီးလှိုင်ရှင်နှစ်ထပ်သင်္ဘောဖြင့် ၂၀၁၈ ခုနှစ်တွင် သီတင်းပတ်တစ်ပတ်လျှင် (၃)ရက်၊ တစ်ရက်လျှင်(၂)ကြိမ်ဖြင့် စမ်းသပ်ပြေးဆွဲ ခဲ့ပါသည်။ ဒေသခံလုပ်ငန်းရှင်တစ်ဦးမှလည်း ပြည်တွင်း၊ ပြည်ပခရီးသည်များ မြစ်ကြောင်း အတိုင်း အပျော်စီးနင်း လေ့လာနိုင်ရန်အတွက် ထီးလိုဝိုင်အမည်ရှိ သင်္ဘောငယ်ဖြင့် ငှားရမ်းမှု ရှိပါက စမ်းသပ်ပြေးဆွဲခဲ့ပါသည်။

A cruise in the Thanlwin River with a double-decker boat, 3 days a week and two times test runs per day in 2018 .If there is a chartered service, a local businessman conducted with a small boat called the “ Hteelowine”, so that foreign tourists could have a fun ride along the river.

 

ဓါတ်ပုံ

 

မှတ်ချက်

လတ်တလော ခရီးစဉ် ရပ်နားထားပါ သည်။
The current trip has been stopped.

**********

 

ခရီးစဉ်အမည်

ပလက်ဝဆည် ခရီးစဉ် (Palatwa Dam Trip)

အကြောင်း

သံတောင်ကြီးဒေသ၊ ဘောဂလိမြို့နယ်အတွင်းရှိ ပလက်ဝဆည်၌ ပဉ္စမအကြိမ်ငါးမျိုး (၁)သိန်းခွဲ ထပ်မံစိုက်ထည့်ခဲ့ပြီး စုစုပေါင်း စိုက်ထည့်ခဲ့သည့် ငါးမျိုးအရေအတွက်မှာ (၇)သိန်းအထိ ရှိလာပြီးဖြစ်ပါသည်။ ပလက်ဝဆည်အတွင်း အပျော်ငါးမျှားခြင်း၊ လှေစီးခြင်းနှင့် အပန်းဖြေအနား
ယူနိုင်သော Eco-tourism ခရီးစဉ်ဒေသအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ မှ လျာထားဆောင်ရွက်လျက်ရှိပါသည်။

for the fifth time, one hundred and fifty thousand fish species were breeded in Palatwa Dam, Bawkali Township, Than Taung Gyi region and now the total number of fish species has reached seven hundred thousands. As the state government is planning to implement it as an eco-tourism destination, one can available the recreational fishing, boat riding and relaxing in Palatwa Dam. 

 

ဓါတ်ပုံ

 

မှတ်ချက်

လတ်တလော ပြည်ပခရီးသွား များအတွက် လုံခြုံရေးကန့် သတ်မှုရှိပါသည်။
There has currently security restrictions for foreign tourists.

**********

 

ခရီးစဉ်အမည်

မိုးပျံပူပေါင်း ခရီးစဉ် (Air Ballon Tour)

အကြောင်း

Oriental Balloon Co.,Ltd နှင့် Shwe Lay Ta Gon Co.,Ltd တို့မှ လာရောက် လည်ပတ်ကြသောပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များအား မိုးပျံပူဖေါင်းဖြင့် စီးနင်းလိုက်ပါ၍ ဘားအံမြို့အလှကို ကြည့်ရှုနိုင်ရန်အတွက် (၂၀၁၉) ခုနှစ်အတွင်း စမ်းသပ် ပျံသန်းခဲ့ပါသည်။

Oriental Ballon Co.,Ltd and Shwe Lay Ta Gon Co.,Ltd conducted a test flight in 2019, to allow the local and foreign tourists to ride an hot air ballon and see the beauty of Hpaan. 

 

ဓါတ်ပုံ

 

မှတ်ချက်

အနာဂါတ် ခရီးစဉ်အတွက် ရည်ရွယ်စမ်းသပ်ခဲ့ပါသည်။
Tested for future trips.

**********

 

ခရီးစဉ်အမည်

လေးကေ့ကော် ပန်းခြံ (Lay Kay Kaw Park)

အကြောင်း

လေးကေ့ကော်ပန်းခြံသည် မြဝတီမြို့မှ (၁၂)ကီလိုမီတာအဝေးတွင် တည်ရှိပြီး ရှုခင်းသာ စိုက်ပျိုးရေးခြံ စာကြည့်တိုက်နှင့် အပန်းဖြေအနားယူနိုင်ရန်နေရာများ စီစဉ်ထားရှိပြီး အနီးပတ်ဝန်း ကျင်မှ ပြည်သူများနှင့် ပြည်တွင်း၊ပြည်ပခရီးသွားများ သွားရောက်လည်ပတ်နိုင်သည်။

Lay Kay Kaw Park is located (12)km away from Myawaddy Town. A scenic view point, agricultural farm, library and places for relaxation are planned so that people from surrounding area, domestic and foreign tourists can visit the area.  

 

ဓါတ်ပုံ

 

မှတ်ချက်

အနာဂါတ် ခရီးစဉ်အတွက် ရည်ရွယ်စမ်းသပ်ခဲ့ပါသည်။
Tested for future trips.

**********

 

ခရီးစဉ်အမည်

မုလအိ (Mulaei)

အကြောင်း

ကရင်ပြည်နယ်မြဝတီမြို့နယ် စုကလိမြို့ရှိ ရှေးဟောင်းဆံတော်ရှင် မုလအိစေတီသည် ပင်လယ်ရေ မျက်နှာပြင်အထက်(၆၅၇၈)ပေတွင် တည်ရှိပြီး ကရင်ပြည်နယ်အတွင်း အမြင့်ဆုံးတောင် ဖြစ်သည်ဟု သိရှိရပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နို်ငပါသည်။

The ancient Mulaei Pagoda, Sukali, Myawaddy Township, Kayin State, is located at (6578) feet above sea level. It is known to be the highest mountain in Kayin State and can be visited by domestic and foreign tourists.   

 

ဓါတ်ပုံ

 

မှတ်ချက်

လတ်တလော ပြည်ပခရီးသွား များအတွက် လုံခြုံရေးကန့် သတ်မှုရှိပါသည်။
There has currently security restrictions for foreign tourists.

**********