12 Months Festivals

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဘားအံရုံးခွဲ
ကရင်ပြည်နယ်အတွင်းလအလိုက် ကျင်းပလျက်ရှိသော ပွဲတော်ဆိုင်ရာ အချက်အလက်များ

စဉ် လ အမည် ပွဲတော်အကြောင်း
(မြန်မာ)
ပွဲတော်အကြောင်း
(အင်္ဂလိပ်)
ဓါတ်ပုံ
၁။ ဇန်နဝါရီ ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်
ကရင်အမျိုးသားများသည်နှစ်ဟောင်းကူးပြောင်း၍နှစ်သစ်မင်္ဂလာကိုကြိုဆိုခြင်း၊ နှစ်သစ်တွင် ကောက်ပဲသီးနှံပေါများ ရန်ဆုတောင်းခြင်းကို ပြုလုပ်ကြသည်။ နှစ်သစ်ကူးပွဲတော် ကို နှစ်စဉ် ပြာသိုလဆန်း (၁)ရက်နေ့တွင်ကျင်းပကြသည်။ ကောက်ဦးပေါ်ချိန်ဖြစ်၍ ရရှိသော သီးနှံများကို ဘုရားအား ရည်စူးပြီး ဦးဦးဖျားဖျား အလှူဒါနပြု လုပ်လေ့ရှိသည်။ မင်္ဂလာအခါဖြစ်သည့် နှစ်သစ်ကူးပွဲတွင် တပျော်တပါးစု ပေါင်း စားသောက်ကြပြီးစုဝေးရောက်ရှိလာသူများ စုပေါင်း ၍ကကြသည်။ စုစည်းသရုပ်ဖော် ဒုံးအက များလည်း ကလေ့ရှိသည်။
Karen New Year Festival & Harvest Festival
The Karen People welcome the New Year after passing the old year. In the New Year , they pray for the abundant crops. The New Year Festival is held every year on the first day of Pyartho (Janauary). When it’s harvest time, the harvested crops are dedicated to the Buddha. At the New Year celebration, many people arrive eating and dancing together. They performance the Karen Done Yaim Dance.
၂။ ဖေဖော်ဝါရီ ကျုံဒိုးမီးပုံပွဲ
ကရင်ရိုးရာမီးပုံပွဲတော်ကို ရှေးယခင်ဘိုးဘွားလက်ထပ်မှ ပြုလုပ် ကျင်းပလာခဲ့ပြီး၊ ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု နှင့်ဘာသာရေးကို ပေါင်းစပ်ပြီး အစဉ်အလာမပျက် နှစ်စဉ် ကျင်းပလာခဲ့ကြပါသည်။ သေဆုံးသော သူများအတွက် အလှူ ဒါနပြုလုပ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကာ မကောင်း သည့် အရာမှန်သမျှ ကျွတ်လွတ်စေချင်၍ အမွှေးနံ့သာ များဖြင့်လာရောက်ဆုတောင်းပြီးမီးရှို့ကြခြင်းဖြစ်ပါသည်။
Kyaone-Doe Campfire Festival
The Karen Traditional Kyaone-Doe Campfire Festival has been held since many former times, combining with the cultural and religional of the Karen People. It means that they making donation for the dead person and they offered with fragnance for all the bad things were separated away.

၃။ မတ် ဇွဲကပင်တောင်ဘုရားပွဲ(ခေါ်)တပေါင်းပွဲတော်
ဇွဲကပင်တောင်ဘုရားပွဲ(ခေါ်)တပေါင်းပွဲတော် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်ဆံတော်ရှင် ဘုရားပွဲကိုနှစ်စဉ်တပေါင်းလပြည့်နေ့တွင် ဇွဲကပင်တောင် ခြေရှိလုမ္မဏီဥယျာဉ်နှင့် တောင်ထိပ်ဘုရားရင်ပြင် တော်တို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ဒေသခံများသာမကမြန်မာ ပြည်အရပ်ရပ်မှ ခရီးသွား ဧည့်သည်များနှင့် ပြည်ပခရီးသွားများပါလာရောက် ဖူးမြှော် လည်ပတ်လေ့ရှိပါသည်။
Zwekabin Pagoda (or) Tabaung Festival
At Zwekabin Foothill (Lumbani Garden) and the top hill of Zwekabin Pagodaplatform, Zwekabin Sandawshin Pagoda Festival was celebrating in every Tabaung Fullmoon Day. Not Only local visitors but also foreigners has been visiting to the Zwekabin Mountain Pagoda Fesitval.

၄။ ဧပြီ ရေသဘင်ပွဲတော်၊ သက်ကြီးပူဇော်ပွဲနှင့်ငါးလွှတ်ပွဲ
မြန်မာတိုင်းရင်းသားလူမျိုးတို့နည်းတူ ကရင်တိုင်းရင်းသား တို့သည် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးထမ်းများကို အစဉ်အ လာမပျက်ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် ရေသ ဘင်ပွဲတော်များကျင်းပခြင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ တိုင်း သက်ကြီးပူဇော်ပွဲအလှူတော်မင်္ဂလာ နှင့်ဇီဝိတဒါန ငါးလွှတ်တို့ကို နှစ်စဉ်ကျင်းပကြပါသည်။
Thingyan, Offering the Old-age and Fish Releasing Festival
As the Myanmar People, Karen People were celebrating Thingyan (Water Festival), offering the older people and releasing the fish in every Myanmar New Year Day for maintaining the traditional culturae.

၅။ မေ ပဲမျိုးစုံလောင်းလှူပွဲနှင့်ညောင်ရေသွန်းပွဲတော်
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ ကျက်သ ရေဆောင်သေဌမာရ်အောင်မြတ်စွာဘုရား ပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိမဟာ ဗောဓိညောင်ပင်ရင်း၌ လည်းကောင်း၊ ရွှေယဉ်မျှော်ပြည်တော်အေး စေတီတော်မြတ်ကြီးတွင် က ဆုန်ညောင်ရေသွန်းပွဲ၊ ပဲဆွမ်းလောင်းလှူပွဲတို့အား နှစ်စဉ် ကဆုန်လပြည့်ဗုဒ္ဓနေ့တိုင်း နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။
Pusles Donation and Nyaungyaython Festival
Under the supervision of the Kayin State Government, Kasone Nyaungyaython Festival and Pusles Donation were celebrating in every year of the Kason Fullmoon (Buddha Day) at the Se Hta Mhan Aung Pagoda and Shwe Yin Myaw Pagoda.

၆။ ဇွန် စာပြန်တော်ပွဲ
ဗုဒ္ဓဘာသာ ကရင်တိုင်းရင်းသားတို့သည်လည်း ဗုဒ္ဓဘာသာ သာသနာ ထွန်းကားရေးအတွက် နှစ်စဉ် နယုန်လ ရောက်တိုင်းစာပြန်တော်ပွဲကိုကျင်းပပြုလုပ်လေ့ ရှိပါသည်။
The Scriptual Examination
The Buddhist Karen ethnic groups also holding the Scriptual Examination for the development of Buddhism in every year, Nayone (June).

၇။ ဇူလိုင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
ကရင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရမှကြီးမှူး၍ ဗုဒ္ဓဘာ သာအစဉ်အလာမပျက် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကိုနှစ်စဉ် ဝါဆိုလပြည့်နေ့တိုင်း ကျင်းပပြုလုပ် လေ့ရှိသည်။
Wasothingan Donation Event
Under the supervision of the Kayin State Government, Wasothingan (yellow robes) Donation Event has been celebrating in every Waso Fullmoon Day.

၈။ ဩဂုတ် ချည်ဖြူဖွဲ့ပွဲ (ခေါ်) လက်ချည်ပွဲ
ချည်ဖြူဖွဲ့ပွဲ(ခေါ်) လက်ချည်ပွဲကို နှစ်စဉ် ဝါခေါင်လ ပြည့်နေ့ရောက်တိုင်း ကျင်းပလေ့ရှိသော ကရင်တိုင်း ရင်းသားများ၏ ရိုးရာပွဲတော် တစ်ခုဖြစ်ပါသည်။ ကရင်လူမျိုးများသည် ရှေးဘိုးဘေးဘီဘင်များ၏ ရေကြီးလေ့ရှိပြီး ဆန်ရေစပါးများ တဖြည်းဖြည်း လျော့နည်းလာကာ စားသောက်ရာတွင်လည်း ပုံမှန် ထက်ပို၍ကုန်ကျသည်ဟု ထင်မြင်ပြီး မကောင်းဆိုး ဝါးများ လူတွင်ဝင်ရောက် ပူးကပ်သည်ဟုယူဆသည့် အတွက် ကိုယ့်လိပ်ပြာ မလွင့်သွားအောင် လိပ်ပြာ ကိုခေါ်လေ့ရှိကြောင်း၊ ဝိဉာဏ်လိပ်ပြာ မလွင့်သွား အောင်ချည်ဖြူဖြင့် လက်တွင်ချည်နှောင် ပြီးဆံဖြူခါး ကုန်းသည်အထိ လိပ်ပြာဝိဉာဏ်ကို ကိုယ်နှင့်မကွာ နေထိုင်နိုင်စေရန်ဆုတောင်း မေတ္တာပြုခြင်းသည် ကရင် ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ၏ အနှစ်သာရပင် ဖြစ်ပါသည်။
Wist-tying Event
Wist-tying ceremony is one of the traditional event, celebrate at every Wagaung Fullmoon Day. Ancient Karen people believed that the cause of flooding, gradually decreasing of crops, increasing of eating costs were because if evils, that enter costs in to people and cling with people’s spirit. They often call spirit so that their spirit do not spread away. So Tie the hand with white thread that the spiritual do not spread away. And then pray and make affection to the spirit until the end of the world.
၉။ စက်တင်ဘာ လှေပြိုင်ပွဲ
လှေပြိုင်ပွဲ ကရင်တိုင်းရင်းသားတို့သည်လည်း စည်းလုံးမှု၊ ညီ ညွတ်မှုကိုပြသသည့်အနေဖြင့် နှစ်စဉ် တော်သလင်း လတွင် ရိုးရာပွဲတစ်ခု ဖြစ်သည့် လှေပြိုင်ပွဲများကို ဘားအံမြို့လယ်ရှိကန်သာယာကန်တွင် ကျင်းပပေး လျက်ရှိပြီး၊ ဒေသခံများသာမက ပြည်တွင်း/ ပြည်ပ ဧည့်သည်များပါ ကြည့်ရှုအားပေးကြပါသည်။
Boat Racing Festival
The Karen people also hold boot races every Tawthalin Month (September) showing their unity and uniformity at the middle of the Hpa-an Township, Kantharyar. Not only the local people but also the foreign tourists watch boat races.

၁၀။ အောက်တိုဘာ မီးထွန်းပွဲ၊ မီးမျှောပွဲနှင့် မီးပုံးပျံလွှတ်ပွဲ
မီးထွန်းပွဲ၊ မီးမျှောပွဲနှင့် မီးပုံးပျံလွှတ်ပွဲ သတင်းကျွတ်လ၏ အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့် ကျော်(၁)ရက် နေ့များတွင် မီးထွန်းပွဲ၊ မီးမျှောပွဲ (သံလွင်မြစ်တွင်း) နှင့် မီးပုံးပျံလွှတ် ပွဲတို့ကို နှစ်စဉ် ရိုးရာမပျက်ကျင်းပပြုလုပ်လေ့ရှိပြီးပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များပါ ပါဝင်ဆင်နွဲနိုင်ပါသည်။
Lighting Ceremony, Fire Flood and Balloon Releasing Festival
Lighting Ceremony, Fire Flood and Balloon Releasing Festival are traditionally held in fullmoon day, the day after fullmoon of the Thadingyut. Domestic and foreign tourists also participate in this celebration.
၁၁။ နိုဝင်ဘာ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ကရင်ဒုံးယိမ်းအက
ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ကရင်ဒုံးယိမ်းအက ကရင်ရိုးရာ လက်ဝှေ့ပြိုင်ပွဲအား အထူးသဖြင့် ကရင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပသည့်နိုဝင် ဘာ(၇)ရက်နေ့မှစ၍(၄)ရက်တိုင်တိုင်ကျင်းပလေ့ရှိ ပြီး ပြည်နယ်အတွင်း လက်ဝှေ့ဝါသနာရှင်များ၊ နိုင်ငံ အဝှမ်းမှ လက်ဝှေ့ဝါသနာရှင်များ အပြင် ထိုင်းနိုင်ငံမှ လက်ဝှေ့ဝါသနာရှင်များကိုလည်း ဖိတ်ခေါ်၍ ကျင်းပ လေ့ရှိပါသည်။ ဒုံးယိမ်းအကကိုလည်း နိုဝင်ဘာ (၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ် လေ့ရှိပြီး ကရင်လူမျိုးတို့၏ဘဝအလှကို ထင်ဟပ် ဖော်ကျူးသော အကတစ်မျိုးလည်းဖြစ်ပါသည်။ ကရင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန် တူရိယာများဖြင့် ဖန်တီးထားပြီး ကိုယ်ပိုင် အမွေနှစ် အဖြစ်ထိန်းသိမ်း ထားကြခြင်းဖြစ်သည်။ ကရင်ဒေသတွင် စပါးရိတ် သိမ်း၍ တလင်းများတွင် စပါးခြွေ နယ်သည့်အခါ ကရင်အမျိုးသား၊ အမျိုးသမီးများ ကညီညီ ညာညာ တေး၊ ကဗျာ၊လင်္ကာများ သီဆိုခဲ့ရာမှ ကရင်ဒုံးယိမ်း ဖြစ်ပေါ်လာ ခဲ့ခြင်းလည်းဖြစ်ပါသည်။ ကရင်ဒုံးယိမ်း အကကို (၁၆)ဦး ဖြင့် ကပြဖျော်ဖြေလေ့ရှိပါသည်။
Traditional Boxing Competition and Karen Done Yaim
The traditional Karen Boxing Competition is held for four days, especially from November 7th, when Karen State Day is celebrated. All over the world of the Boxing fans can be competed in this competition. Done Yaim Dance is also held in November 7th to 10th and it reflects the beauty of the Karen People. They created it with Karen cultural and their own style instruments and kept it as a personal legacy. In the Kayin Region, when the grain harvested and threshed in the fields, the Karen men / women sing poems and linka together. So that the Karen Done Yaim Dance was borned. Karen Done Yaim Dance is performed by (16) people.

၁၂။ ဒီဇင်ဘာ ရိုးရာယက္ကန်းနှင့် ဂျပ်ခုတ်ပြိုင်ပွဲ
ကရင်ပြည်နယ်ရှိ ယက္ကန်းသင်တန်းကျောင်းနှင့် ကျေး လက်ဒေသများရှိ ယက္ကန်းစင်များ ပူးပေါင်း၍ ကရင်ရိုး ရာအဝတ်အထည် ယက်လုပ်ခြင်းကို ကရင်ရိုးရာ အဝတ်အထည်ရက်လုပ်မှု ဆိုင်ရာလုပ်ငန်းများ တိမ် ကောသွားခြင်း မရှိစေရေးနှင့် ပိုမိုရှင်သန်လာစေရေး၊ တန်ဖိုးမဖြတ်နိုင်သော ကရင်ရိုးရာဂျပ်ခုတ် အမွေအ နှစ်များ ပျက်စီးပျောက် ကွယ်သွားခြင်း မရှိစေရေးအ တွက် ပြည်နယ်အစိုးအရအဖွဲ့မှကြီးမှူး၍ နှစ်စဉ် ပြာသို လဆန်း(၁)ရက်နေ့၊ ဒီဇင်ဘာလ(၂၆) ရက်နေ့ တွင် ကျရောက်မည့်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်ရိုးရာဂျပ်ခုတ် ဒီဇိုင်းပြိုင်ပွဲကို ကျင်းပ လေ့ရှိပါသည်။
Traditional Handloom and Jap Cutting Competition
Traditional Handloom and Jap Cutting Competition In cooperation with the handloom school in Karen State and the looms in the rural areas, the weaving of Karen traditional clothes will not be overshadowed and the Karen traditional clothes weaving business will be more alive. In order to ensure that the priceless Karen traditional jap cutting heritage is not destroyed, it is led by the State Government team and is held annually on the first day of Pyartho (January). On December 26th, the Karen National New Year Day is celebrated, and the traditional Karen Jap Cutting Competition is usually held.
    ဇွဲကပင်တောင်တက်အပြေးပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ နှင့် အခြားအားကစားပြိုင်ပွဲများ
ကရင်ပြည်နယ်၏ အထင်ကရအထိမ်းအမှတ် ဇွဲကပင် တောင်တက်အပြေးပြိုင်ပွဲ၊စက်ဘီးစီးပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲစုံကိုလည်း နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိပါသည်။
Zwekabin Mountaineering Competition, Cycling Competition and Other Sport Competitions
Kayin State’s prominent commemoration, Zwekabin mountaineering race, cycling competition and other sport competitions are also held every year in December.