ကရင်ပြည်နယ်ရှိ ရာသီမရွေးလည်ပတ်သွားလာနိုင်သည့် ခရီးစဉ်ဒေသများ

ကရင်ပြည်နယ်ရှိ ရာသီမရွေးလည်ပတ်သွားလာနိုင်သည့် ခရီးစဉ်ဒေသများ

ခရီးစဉ်အမည်

ဆဒ္ဒန်ဂူ (Saddan Cave)

အကြောင်း

ဆဒ္ဒန်ဂူသည် ဘားအံမြို့နှင့် မိုင်(၂၀)ခန့်အကွာ တောင်ဘက် ဇွဲကပင်တောင်စွယ်အဆုံး တွင်တည်ရှိ၍ ဘားအံမြို့နယ်အတွင်းရှိ အိန္ဒူကျေးရွာမှတစ်ဆင့် သွားရောက်နိုင်ပါသည်။ ဆဒ္ဒန်လိုဏ်ဂူသည် ဗုဒ္ဓ ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာတစ်နေရာဖြစ်သည်။ ဆဒ္ဒန်ဆင်မင်းဝတ္ထု ဇာတ် တော်ပါ အကြောင်းအရာ အမှတ်အသားရှိသော ကျောက်တုံး ကျောက်ဆောင်နှင့် ထူးဆန်း အံ့သြဖွယ်ရာ လိုဏ်ဂူဖြစ်သဖြင့် ဆဒ္ဒန်ဂူဟု ခေါ်တွင်ခဲ့ကြခြင်းဖြစ်သည်။ ဆဒ္ဒန်ဂူသည် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် များနှင့် ရှေးဟောင်း ပစ္စည်းများကြွယ်ဝသော ဂူကြီးလည်းဖြစ်သည်။ ဤလိုဏ်ဂူတော်သည် တိုးလျှို ပေါက် ကျောက်ဂူဖြစ်ပြီး ဂူပေါက်ဝ အကျယ်ဆုံးနှင့် ဂူအတွင်း အလျားအရှည်ဆုံးဖြစ်သည်။ လိုဏ်ဂူ ၏အဝသည် ပေ(၁၅၀)ခန့် အထိ ကျယ်ဝန်းပြီး အရှည်အားဖြင့် (၂) ဖာလုံခန့်ရှိသည်။ ဂူအတွင်း အကျယ်ဆုံးနေရာတွင် ပေ(၅၀)ခန့် ရှိပြီး အကျဉ်းဆုံးအပိုင်းတွင်မူ (၁၅)ပေခန့်သာ ကျယ်သည်။ ဂူအတွင်းသို့ ဝင်လျင်ဝင်ခြင်း ဉာဏ်တော်အတောင် (၃၀)ခန့်ရှိသော လျောင်းတော်မူတစ်ဆူကို ဖူးတွေ့ နိုင်ပြီး ဆင်းတုတော်များ၊ စေတီငယ်များကိုလည်း ဂူအတွင်း နေရာအနှံ့အပြားတည်ထားသည်ကို ဖူးတွေ့နိုင်သည်။ဂူအနောက်ဘက် ထွက်ပေါက်မှတစ်ဆင့် ဂူအရှေ့ထိ ဆဒ္ဒန်ရေကန်ငယ်ဖြင့် ဝန်းရံထား ပြီး အပျော်စီးလှေငယ်များဖြင့် လှော်ခပ်သွားလာနိုင်သည်။ ဘုရားပွဲကို သင်္ကြန်ရက်အတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

Saddan Cave is located at the end of Zwekabin Mountain, about 20 miles away from Hpa-an Town, and can be visited through Eindu Village, Hpa-an Township. Saddan Cave is sacred place for Buddhists. It is called Saddan Cave because it is an amazing cave with limestone rock that connected with subject of Saddan Sinmin’s novel. Saddan Cave is full of Buddhist Cultural heritage. This cave is a rock cave with the widest opening and the longest inside the cave. The amount of the cave is 150 feet wide and about 2 furlongs in length. The widest part is about of 50feet and the narrowest part is only about 15feet. When you enter the cave, you can see a 30 cubits hight reclining Buddha. Small Pagodas can also be seen in various places inside the cave. It is surrounded by the Saddan Lake, from the west to the east side of the cave, and can be rowed by small canoe boats. The Pagoda Festival is usually held in crowded during Thingyan Water Festival, in April.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ကော့ဂွန်းဂူ (Kawgun Cave)

အကြောင်း

ကော့ဂွန်းဂူသည် သမိုင်းအရ ရှေးအကျဆုံးနှင့် လေ့လာဖော်ထုတ်၍ မပြည့်စုံနိုင်သော လှိုဏ်ဂူ ကြီးဖြစ်သည်။ ဘားအံမြို့မှ သံလွင်မြစ်အတိုင်း စုန်ဆင်း၍ (၅) မိုင်ခန့်အကွာတွင် အနောက်ဘက် ကမ်း၌ တည်ရှိပြီးပင်လယ်ရေ မျက်နှာပြင်အထက်(၁၁၆)ပေရှိသော ဖားကပ်ရွာ၌တည်ရှိသည်။ ကော့ဂွန်း တောင်မှာ လယ်ကွင်းပြင်တွင်တစ်တန်းတည်း တည်ရှိနေသောထုံးကျောက်တောင်ဖြစ်၏ ကော့ဂွန်းတောင်၏ အ​ရှေ့မြောက်မျက်နှာစာတွင် ကော့ဂွန်းလှိုဏ်ဂူတည်ရှိသည်။ ကော့ဂွန်းဂူ၏ သဘာဝအလျောက် ဖြစ်ပေါ်နေသော လှိုဏ်ဂူအမိုးနှင့်ဆေးရေးနံရံကျောက်ခက် ကျောက်စွယ်များ သည် လူတစ်ရပ်ခန့်အရွယ်အစားမှ သုံးလက်မ၊ လေးလက်မအထိ အရွယ်စုံနံရံကပ်ဆင်းတုတော်များ ထုလုပ်ထားသည်။ ကွက်ပြည့်မျှ ထုလုပ်ထားသော ပြဒါးရောင်ချယ် ရှေးလက်ရာ မြေမီးဖုတ်၊ အုတ်ခွက်ဗုဒ္ဓ ဆင်းတုတော်များဖြင့် ဗုဒ္ဓဆိုင်ရာ ကျောက်ဆစ် ရုပ်ပွားတော်များကို နံရံပြည့်ထွင်း ထုထားပါသည်။ အလားတူ ဆေးရေးစာ၊ မှင်စာ၊ ကျောက်စာနှင့် ရှေးမွန်စာတို့ကိုလည်းလေ့လာနိုင်ပြီး၊ ၁၉ရာစုအစောပိုင်းခရီးသွားမှတ်တမ်းအထောက်အထားများကို တွေ့ရှိထားပြီးဖြစ်ပါသည်၊ ကော့ဂွန်းဂူ ဘုရား ပွဲတော်ကို ဧပြီ လသင်္ကြန်အလွန်တွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။

Kawgun is ancient and incompletely explored cave in history. It is located about 5 miles on the west bank of Thanlwin River and it is situated (116)feet above sea level. Kawgun Mountain is a limestone mountain, and standing in the single role outside the field. Kawgun Cave is located on the northeast of the Kawgun Mountain. The natural cave roof, beautiful stalactites and stalagmites are about about a man size to three to four inches . You can also study stone inscriptions and ancient Mon writings, and the evidence of 19 century travel log was already found there Kawgun Cave Pagoda Event was ceremonically held in every year, April.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ကော့ကသောင်ဂူ (Kawkathaung Cave)

အကြောင်း

ကော့ကသောင်ဂူသည် ဘားအံမြို့မှ တောင်ဘက် (၇)မိုင်အကွာ ဇွဲကပင်တောင်၏ အ​ရှေ့ (၂)မိုင်အကွာတွင် တည်ရှိသည်။ ကော့ကသောင်ဂူသည် တစ်၀က်တစ်ပျက်လုံး၀န်းတဲ့ ပုံသဏ္ဍာန်ရှိပြီး ပေ(၁၀၀)ခန့်ကျယ် သည်။ ဂူအတွင်း ဘယ်၊ ညာ နှစ်ဖက်တွင် နှစ်ကျိပ် ရှစ်ဆူ ဘုရားများရှိသည်။ ဂူအတွင်း လှပသော ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက် မိုးမျော် များတွေ့ရှိရမည်။ ဂူသည် တစ်ဖက်ပွင့်ဂူ အမျိုးအစား ဖြစ်ပြီး မျက်နှာဝ ပေ(၉၀)ပတ်လည်ခန့်၊ အမြင့်(၈)ပေနှင့် အလျား (၁၀၀)ပေ ရှိသည်။ ကော့ကသောင်ဂူနှင့် တစ်ဆက်တည်း အခြားဂူငယ် များကိုလည်းတွေ့ရှိမည်။ ကော့ကသောင်ဂူအရှေ့တွင် အပျော်စီးလှေငယ် များဖြင့် ရွာအတွင်းသို့ လှော်ခပ်သွားလာနိုင်သည်။ ဘုရားပွဲကို နှစ်စဉ် မြန်မာနှစ်ဆန်း(၂)ရက်နှင့် (၃)ရက်နေ့ တွင် ကျင်းပသည်။

Kawkathaung Cave is located seven miles south of Hpa-an City, two miles away east from Zwekabin Mountain. Kawkathaung Cave looks like ovl shpae and about (100)feet wide. Inside the cave ,there are twenty-eight Buddha statue on both the left and right side and beautiful stalactites and stalagmites can be seen. The cave is an open-sided open cave with a surface about (90)feet, (8)feet high and (100)feet long. Moreover, other little caves can also be seen. East of Kawkathaung Cave, you can visit into the village by rowing with small canoe boats. This festival is held in every myanmar new year.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ရသေ့ပျံဂူ (Yathaepyan Cave)

အကြောင်း

ရသေ့ပျံဂူသည် ဘားအံမြို့မှ (၉)မိုင်အကွာ၊ ဘားကပ်ရွာမှ (၃)မိုင်အကွာရှိ ရသေ့ပျံဂူသည် တောင်ခြေမှ (၁၅၀ပေ)အမြင့်တွင်တည်ရှိပြီး နှစ်ဖက်ပွင့် သဘာဝထုံးကျောက်ဂူ အမျိုးအစား ဖြစ်သည်။ ဂူအတွင်း ဘုရားစေတီတည်ထားခြင်းကို ရသေ့ပျံနှင့်ဆဒ္ဒန်ဂူများ တွင်သာ တွေ့ရှိ ရပါသည်။ မြေစေး၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော ပုဂံ၊ အင်း၀၊ တောင်ငူနှင့် ကုန်းဘောင် ခေတ်ပြိုင်ကာလ ဟိန္ဒူလက်ရာများတွေ့ရှိရသဖြင့် ဗုဒ္ဓဘာသာသည် လွန်ခဲ့သော နှစ်ပေါင်း (၁၅၀၀)ခန့်ကပင် မြန်မာနိုင်ငံသို့ သြဇာသက်ရောက်လျက်ရှိသည့် အထောက်အထားများအဖြစ် တွေ့ရှိရပါသည်။ ဂူအတွင်း၌ သက်ရှိမျိုးစိတ်(၄)မျိုးနှင့် ကျောရိုးမဲ့မျိုးစိတ် (၁၅)မျိုး နေထိုင် ကျက်စားကာ လင်းနို့အကောင်ရေ (၆၀၀၀၀)ကျော် တွေ့ရှိရပါသည်။ ၂၀၁၈ခုနှစ်တွင် ဂူအနောက်ပေါက်၌ မီတာ (၂၀၀)ခန့်ရှည်သော ရှုခင်းသာတံတားကို သံဖရိန်ဖြင့် တည်ဆောက် ထားပြီး ညနေဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်ပါသည်။ ၂၀၁၉ခုနှစ်၌ ဂူအရှေ့ဘက်တွင် မီတာ(၅၀၀)ခန့် အကျယ်အဝန်းရှိသော သဘာဝရေလှိုဏ်ဂူတစ်ခုကို ခရီးသွားများ လေ့လာ နိုင်ရန်အတွက် စတင်ဖွင့်လှစ်ခဲ့ပြီး ခရီးစဉ်ဒေသ အသစ်တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

Yathaepyan Cave is located (9)miles away from Hpa-an City and (3)miles from Barka Village. It is located the (150)feet from the foothill and two-sided open limestone cave. We can see many statues only inside the Yathaepyan and Saddan cave. By seeing Hindu desing statues made of clay and wood with the contemporary period so we can find the buddhism has been influencing on the Myanmar Country about (1500) years ago. Inside the cave, four living species and (15) invertebrate species live and graze, and more than (60000) bats are found. In 2018, about (200) meter long scenic bridge was built with an iron frame at the west entrance of the cave. In 2019, about (500) meter wide natural water cave was opened for the travellers and to appear the new destination.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ကျောက်ကလပ် (Kyautkalatt)

အကြောင်း

ကျောက်ကလပ်စေတီသည် လယ်ကွင်းအတွင်း လူတို့ပြုလုပ်ထားသော ရေကန်၏အလယ် တွင် ထူးခြားစွာ ထိုးထွက်နေသော ကျောက်လုံးကြီးပေါ်တွင် တည်ထားပါသည်။ စေတီသည် ဘားအံမြို့မှ (၇)မိုင်ခန့်ကွာဝေးပြီး သံလွင်မြစ်၏အရှေ့ဘက်ကမ်း တော်ပုံကျေးရွာအနီးတွင် တည်ရှိသည်။ စေတီသည် မြန်မာပြည်ရှိ အခြားသော ဘုရားစေတီများနှင့်မတူဘဲ ရှည်မြောမြော ကျောက်တုံးကြီးပေါ်တွင် တည်ရှိပါသည်။ ကျောက်တောင်ပေါ်မှနေ၍ ဘေးပတ်ဝန်းကျင် ရှုခင်း များ နှင့် မလှမ်းမကမ်းမှ ဇွဲကပင်စေတီကို လှမ်းမြင်ရသည်။ ညနေခင်း နေဝင်ချိန်အလှကိုလည်း တောင်ပေါ်မှ မြင်နိုင်ပါသည်။ စေတီသို့ လာရောက်သည့် ခရီးသွားဧည့်သည်များအား သက်သက် လွတ် ဟင်းလျာများနေ့စဉ် ကျွေးမွေးလျက်ရှိသည်။

Kyautkalat Pagoda is built on a large rock that stands out in the middle of a man-made lake in the field. It’s located seven miles away from Hpa-an City on the easten Thanlwin River, near Tawpon Village. It is different from other pagodas in Myanmar. We can see natural landscapes, evening sunset and Zwekabin Pagoda near by. Moreover, it serve free vegetarian meals for the visitors everyday.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ဘုရင့်ညီနောင်ဂူ ( Bayin Nyi Cave)

အကြောင်း

ဘုရင့်ညီဂူသည် ဘားအံမြို့မှ (၁၂)မိုင်ခန့်အကွာ ဘားအံ-သထုံကားလမ်းအနီးတွင် တည်ရှိပြီး (၁)ဖာလုံခန့်အရှည်ရှိသော ဂူအတွင်း ရှေးဟောင်းဘုရားများကို ဖူးမြော်နိုင်ပါသည်။ မြေပြင်မှဂူသို့ တက်ရောက်ရာ တောင်စောင်းတစ်လျောက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများကိုလည်း ဖူးမြင်နိုင်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ရှေးဟောင်း လက်လုပ်မြေအုတ်၊ ဂဝံကျောက်အုတ်များဖြင့် ထုလုပ်ပူဇော်ထားသော ဘုရားများစွာ တည်ရှိပါသည်။ ဂူ၏မျက်နှာစာတွင် သဘာဝရေပူ၊ ရေအေးစိမ့်စမ်းအိုင်များ၌ ရေချိုးနိုင်ပြီး ဂူအတွင်း သက်ရှိမျိုးစိတ်(၄)မျိုး၊ လင်းနို့ (၂၀၀၀)ခန့်နှင့်ကျောရိုးမဲ့(၉)မျိုး သဘာဝအတိုင်း ဘေးမဲ့ပေးထားသည့်အတွက် လေ့လာကြည့်ရှုနိုင် ပါသည်။

Bayin Nyi Cave is located about (12)miles away from Hpa-an , near Hpa-an- Thahton Road, you can visit the ancient pagodas and Buddha statues in the one furlong long cave. From the ground to the cave, along the hillside, you can also see twenty-eight Buddha statues and Buddhist historical cultural relics such as ancient hand-made clay bricks and  many temples made of laterite bricks. Infront of the cave, you can bathe in the natural hot and spring cold spring lakes. In the cave, you can study four living species, about (2000) bats and (9)types of invertebrate, protected  as a reserve.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ဣစ္ဆာသယဂူ(Issathaya Cave)

အကြောင်း

ဘားအံမြို့၊ အရှေ့ဘက်(၇)မိုင်ခန့်အကွာ နောင်ပလိန်ကျေးရွာအနီးတွင်တည်ရှိ၍ မူလ သဘာဝအတိုင်း ကျန်ရှိနေသေးသော ၁၂၀၀ပေရှည်ခန့်ရှိ နှစ်ဖက်ပွင့် ထုံးကျောက်ဂူအမျိုးအစားဖြစ်ပါသည်။ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့်ခရီးသွားများ လေ့လာကြည့်ရှုနိုင်သည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ပေါ်ပေါက်လာရေး အတွက် ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများမှ ပူးပေါင်းအကောင်အထည် ဖော်လျက်ရှိပါသည်။ အနာဂတ်တွင် ဂူအနီးပတ်ဝန်းကျင်၌ ဆင်စခန်း အဖြစ်တည်ဆောက်သွားရန် လျာထားပါသည်။

Issathaya Cave is located about (7)miles east of Hpa-an, near Naung  Plein Village. It is a natural   two-sided open limestone cave and about (1200) feet long. State Government, relevant departments and local residents are being jointly implemented for long-term sustainability  and the emergence of  a tourist destination for travellers. It is planned to build to explore on an elephant camp in the vicinity of the cave in the future.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

လင်းနို့ဂူ (Bat Cave)

အကြောင်း

လင်းနို့ဂူသည် ဘားအံမြို့၊ ဖားကပ်ကျေးရွာ၊ သံလွင်မြစ်ကမ်းဘေးတွင် တည်ရှိပြီး သက်ရှိ မျိုးစိတ်(၄)မျိုးနှင့် လင်းနို့(၅၀၀၀၀၀)ကျော်နေထိုင်ကျက်စားလျက်ရှိပါသည်။ ညနေ နေဝင်ချိန် တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် လင်းနို့ထွက်ချိန် နေ့စဉ် စောင့်ကြည့်လေ့လာ ခြင်းများဖြင့် စည်ကားလေ့ရှိပါသည်။

Bat Cave is located on the banks of Thanlwin River, Barka Village, Hpa-an City, four living species and over (500000) bats habitating inside the cave. Around sunset in the evening, foreign tourists are crowded with the daily observation of the bats emerging from Bat cave.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

တောင်ဝိုင်းတောင် (Taungwine Mountain)

အကြောင်း

တောင်ဝိုင်းတောင်သည် ဘားအံမြို့မှ (၅)မိုင်ခန့်၊ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းအနီး တောင်ကလေး ကျေးရွာတွင် တည်ရှိပြီး အမြင့်ပေ (၇၀၀)ခန့်နှင့် လှေကားများကို စတီးဘောင်များဖြင့် ပြုလုပ်ထားပြီး ပြည်တွင်းခရီးသွားများ အပန်းဖြေလာရောက်လျက် ရှိပါသည်။ 

Taungwine Mountain is located about (5)miles away from Hpa-an, near Hpa-an – Hlaingbwe Road, Taungkalay Village.  It’s height about (700)feet  and the stairs are made up of  steel. Local  visitors are also chill out  in Taungwine Mountain.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

လွန်းညရေပြာအိုင် (Loon Nya Yaypyar)

အကြောင်း

လွန်းညတောင်သည် ဘားအံမြို့မှ (၁၆) မိုင်ခန့်အကွာ ဘားအံ-မြဝတီကားလမ်းပေါ်ရှိ သမိုင်းဝင် လွန်းညစေတီအနီး၌ တည်ရှိသည်။ မီတာ(၂၀၀)ခန့်  ရှည်လျားသော   အကျယ်(၃)ပေရှိ ကွန်ကရစ် တံတားပေါ်မှ ပတ်ဝန်းကျင်ရေပြင်နှင့်လယ်ကွင်းများ၊ လွန်းညတောင်တို့အလှကို ခံစားနိုင်ပြီး ပြည်တွင်း ခရီးသွားများ အပန်းဖြေလာရောက်လျက်ရှိပါသည်။  

Loonya Mountain is located about (16)miles away from Hpa-an City, on the Hpa-an – Myawaddy Road, near historical Loonya Pagoda. There is concrete bridge of  (200) meters long and (3) feet wide from where you can  see surrounding waters, fields, and enjoy the beauty of Loonya Mountain. The local visitors are coming and relaxing  on daily basis.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ချစ်သူမြိုင်အပန်းဖြေဥယျာဉ်(Chit Thu Myaing Resort)

အကြောင်း

ဘားအံမြို့၊ တော်ပုံကျေးရွာအုပ်စု၊ ဘားအံ-ကော့ကျိုက်မှ တော်ပုံသို့သွား မြို့ရှောင်လမ်းဘေး တွင်တည်ရှိပြီး ချစ်သူမြိုင်ဟိုတယ်နှင့် အပန်းဖြေဥယျာဉ်အား တွဲဖက်၍ မြေဧရိယာ (၆.၃၃)ဧက ပေါ်တွင် တည်ဆောက်ထားပါသည်။ ဟိုတယ်လုပ်ငန်းနှင့်အပန်းဖြေဥယျာဉ် လုပ်ငန်းအတွက် ရင်းနှီးမြှု်ပ်နှံမှုတန်ဘိုးငွေကျပ်သိန်း(၃၀၀၀၀)ခန့် ရင်းနှီးမြှုပ်နှံထားပါသည်။ ဥယျာဉ်အတွင်း ရေလွှာ လျောစီးခြင်း၊ Jetskii စီးနင်းခြင်း၊ ပန်းဥယျာဉ်၊ စားသောက်ဆိုင်၊ ရိုးရာအိမ်၊ Mini Cinema ၊ ကလေးကစားကွင်းနှင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ သက်တောင့်သက်သာ အနားယူ အပန်းဖြေနိုင်ရန် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။  

Chit Thu Myaing Resort is built on  (6.33) acres of land, Tawpon Village, Hpa-an City and opened together with Chit Thu Myaing Hotel and Resort. For  hotel and resort business , the investment value amount is about  thirty thousand lakhs. In the resort, there are water sliding and Jet sking , flower garden, restaurant, traditional house, mini  cinema and children’s  playground, and then trying for the local and foreign tourists  to come and  relax comfortably.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ကျွဲမင်းဂူ နှင့် တောင်ကလေးဂူ( Kywe Minn Cave & Taungkalay Cave)

အကြောင်း

ကျွဲမင်းဂူသည် ရသေ့ပျံဂူအနီးတွင်တည်ရှိပြီး ဂူအတွင်း၌ သက်ရှိသတ္တဝါ(၉)မျိုးနေထိုင်ကျက် စားကာ လင်းနို့အကောင်ရေ(၆၀၀၀)ကျော်ရှိပြီး ကမ္ဘာ့အသေးဆုံး လင်းနို့မျိုးစိတ်သစ်ကို တွေ့ရှိနိုင် ပါသည်။ ဂူအား ဆရာတော်မှ ထိန်းသိမ်းထားရှိပြီး သဘာဝအတိုင်း တွေ့မြင်နိုင်ပါသည်။

Kywee Min Cave is located near Yathaepyan Cave. Inside the cave, there are (9)living creatures and over (6000) bats are habitating and a new species of the world’s smallest bat can be seen. Kywee Min Cave’s Sayadaw maintains the cave so you can explore it naturally.

တောင်ကလေးဂူသည် ဘားအံမြို့ ကမမောင်းကျေးရွာအနီးတွင် တည်ရှိပြီး သက်ရှိမျိုးစိတ် (၂)မျိုး နေထိုင်ကျက်စားကာ လင်းနို့အကောင်ရေ(၅၀၀၀၀၀)ကျော်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ် ၍ လင်းနို့ချေးထုတ်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ခရီးသည်ရောက်ရှိမှု နည်းပါးပါသည်။

Taungkalay Cave is located near Kamamung Village, Hpa-an and inside the cave, two living species and over (500000) bats are habitating. Bat droppings extraction is being carried out under the supervision of the village , and there are few tourists now.

ဓါတ်ပုံ

 

မှတ်ချက်

လုံခြုံရေး ကန့်သတ်ချက်ရှိပါသည်၊။
There are security restrictions.

**********

 

ခရီးစဉ်အမည်

ရွှေယဉ်မျှော်ဘုရား (Shweyinmyaw Pagoda)

အကြောင်း

၁၃၁၇ ခုနှစ်၊ ပထမဝါဆိုလဆုတ် (၃) ရက်နေ့ ၊ ၁၉၅၅ ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့ မွန်းတည့် (၁၂:၀၀)နာရီတွင် သာသနာရေးဝန်ကြီးဌာနမှ ဦးမန်းမြစိန်နှင့် ဦးသာဒက်တို့က ဂရန်နှင့် တကွ မြေပုံကို ဘားအံမြို့နယ် သံဃာ့နာယကဆရာတော်များနှင့် လေသာကျောင်းတိုက်ဆရာတော်ကြီး ဦးစန္ဒောဘာသ ထံသို့ ပြန်လည်လွှဲပြောင်း ဆက်ကပ်ခဲ့ပါသည်။ ရွှေယဉ်မျှော်ပြည်တော်ဧ စေတီသည် ဘားအံမြို့၏ အနောက်မြောက်ထောင့် သံလွင်မြစ်ကမ်းနဖူးကျောက်ကုန်းမြင့်ကြီးပေါ် တွင် တည်ထားပါသည်။ ၁၃၂၀ ခုနှစ်၊ ကဆုန်လဆန်း(၁၀)ရက်(တနင်္ဂနွေနေ့) တွင်စတင်၍ အုတ်မြစ်ချပြီး ဉာဏ်တော်(၃၂) တောင်ရှိ စေတီတော်ကြီးနှင့် အရန်စေတီ(၄)ဆူတို့ကို တည်ထားခဲ့ပါသည်။

1317, on the 3rd of the first lunar month in 1955 7thJuly noon at 12:00 PM, U Mann Mya Sein and U Tha Dek from the Ministry of Religious Affairs handed over the lease and map to the patron monks of the Sangha of Hpa-an Township , and the abbot of Letha Monastery , U Sandaw Batha. Shweyinmyaw Pyidawaye Pagoda is located in the northwest coner of Hpa-an, on the high rock hill on the bank of Thanlwin River. Starting in 1320, on 10th day of Kason (Sunday), bricks were laid and a pagoda with a height of (576) feet and smaller pagodas were built.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ကန်သာယာ (Kantharyar)

အကြောင်း

ဘားအံမြို့လယ်တွင် တည်ရှိကာ သဘာဝကို ပြုပြင်မွမ်းမံထားသော မြို့ကျက်သရေဆောင်ဖြစ်ပြီး ပြည်နယ်အထိမ်းအမှတ် ဇွဲကပင်တောင်နှင့် လိုက်ဖက်စွာတည်ရှိနေပါသည်။ ခရီးသွားများနှင့်ပြည် သူများအပန်းဖြေလေ့လာခြင်း၊ကျန်းမာရေးနှင့် အားကစားပြုလုပ်နိုင်ရန် ကန်ပတ်လမ်း၊ ညဈေးတန်း၊ အများသုံးအိမ်သာ၊ ပန်းခြံနှင့် အပန်းဖြေရန်နေရာများ ပြုလုပ်ပေးထားပါသည်။

It is modified natural lake and located in the center of Hpa-An, it is also the glory of the city in harmony with the state monument of Zwekabin Mountain. Lake circuit road, night market, public toilets, park and resorts had been made for public and travellers to have recreations and do physical exercises for health.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ဇွဲကပင်တောင်နှင့် လုမ္မဏီဥယျာဉ်(Zwekapin Mountain & Lumbani Garden)

အကြောင်း

ဘားအံမြို့၏တောင်ဘက် (၁၀)ကီလိုမီတာအကွာတွင် တည်ရှိပြီး အမြင့်(၂၃၇၂) ပေရှိ၍ တောင်ထိပ်သို့ တက်ရန် (၃)နာရီခန့်ကြာမြင့်ပါသည်။ ဗုဒ္ဓဘုရားရှင်၏ ဆံတော်များ ပူဇော်ထားရှိပါသည်။ ဘုရားပွဲကို နှစ်စဉ်တပေါင်းလပြည့်ရောက်တိုင်း ကျင်းပကြပါသည်။

It is located (10)km sorth of Hpa-an and it’s height is (2372) feet. It takes about (3)hours to climb to the top of the mountain. And Buddha’s sacred relics are enshrined. The pagoda festival is held on Fullmoon day of Tabaung in every year.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ဗုဒ္ဓဂါယာ (Buddha Gaya)

အကြောင်း

ဘားအံမြို့၏ အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာ ကော့ကသောင်ကျေးရွာအနီးတွင် မြေဧရိယာ အကျယ်အဝန်း (၄)ဧကခန့်အတွင်း၌ သမိုင်းဝင်ဗုဒ္ဓသံဝေဇနိယလေးဌာန အထိမ်းအမှတ် ဗုဒ္ဓရုပ်ပွား တော်များနှင့် ကျောက်စာတိုင်များကို ထုလုပ်ပူဇော်၍ အများပြည်သူများ ကြည်ညို လေ့လာနိုင်စေရန် ဗုဒ္ဓဂါယာ ခရီးစဉ်ဒေသတစ်ခုအဖြစ် ဒေသခံဆရာတော်တစ်ပါးမှ ဦးစီးဆောင်ရွက် အကောင် အထည်ဖော်လျက်ရှိပါသည်။

It is located in (7) miles southeast of Hpa-an, near Kawkathaung Village and with a total land area of (4) acres. As a Buddha Gaya Destination, a local monk is implementing the four divisions of historical buddhasanwaizaniya monuments, Buddha statues and stone inscriptions sculpted and public can pay respect and study with reverence.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ငှက်ကြည့်ခရီးစဉ် (ခရုစုပ်ငှက်) Bird Watching Tour(Snail Kite Birds)

အကြောင်း

ဘားအံမြို့မှ(၁၅)မိုင်ခန့်အကွာဘားအံ-မော်လမြိုင်ကားလမ်းဘေး ကော့ဒီကျေးရွာ၌ ခရုစုပ်ငှက်အကောင် ရေ (၁၀၀၀၀၀)ခန့် သဘာဝအတိုင်း နေထိုင်ကျက်စားလျက်ရှိရာ ယခုအခါ ငှက်ကြည့်စင်ကို တည် ဆောက်ထားပြီး ပြည်နယ်၏ ခရီးသွားဆွဲဆောင်မှု ခရီးစဉ်ဒေသအသစ်တစ်ခု ဖြစ်ပေါ်လာရေး လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

About (15)miles away from Hpa-an, beside Hpa-an – Mawlamyaing Road, Kotdi Village, about (100000) snail kite birds are naturally habitating. Now, a bird watching tower had been built and implementing to appear as a new attractive destination.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

မွန်ဆရီးကျေးရွာ ခရီးစဉ် (Monsaree Village  Trip)

အကြောင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေရှိ မွန့်စရီးကျေးရွာသည် ၁၉၇၄ခုနှစ် တွင် လှိုင်ကမ္ဘာ ကျေးရွာမှ ပြောင်းရွှေ့လာသောကရင်လူမျိုးများဖြင့်စတင်တည်ထောင်ခဲ့သော ကျေးရွာ တစ်ရွာဖြစ်ပါသည်။ (၃၁.၅)ဧကကျယ်ဝန်း၍ ဘားအံမြို့တောင်ဘက်(၁၀)ကီလိုမီတာ အကွာ လုမ္မဏီဥယျာဉ်အဝင်မုခ်ဦး၏ တောင်ဘက်မီတာ(၅၀၀)ခန့်၊ မြို့ရှောင်လမ်းဘေး တောင်ခြေနှင့် ကပ်လျက်တွင်တည်ရှိကာ စုစုပေါင်း အိမ်ခြေ(၁၀၀)ကျော်တည်ရှိသောကျေးရွာတစ်ရွာ ဖြစ်ပါသည်။ ပိုးကရင်၊ လူမျိုးများ အများစုနေထိုင်ကြပြီး နှစ်ချင်း ခရစ်ယာန်(Baptist)ဘာသာကို ကိုးကွယ်ကာ ကရင်ရိုးရာ“ လည်းကယ်” ဘာသာဝင်အချို့လည်း နေထိုင်ကြပါသည်။ ဘားအံမြို့၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ (၂)နာရီခန့်(သို့) ညအိပ်တည်းခို နားနေနိုင်မည့် လူထုအကျိုးပြု ခရီးစဉ်ဒေသတစ်ခုဖြစ်ပါသည်။

Monsaree Village is located on the foot of Zwekapin mountain, Hpa-an Township, Kayin State. In 1974, the Karen people who mignated from Hlaingkabar Village, established it. It has (31.5) acres wide and located (10)km south of Hpa-an, (500) meters away near the south of Lumbani Garden enterence. In this village the total number of houses are more than (100). Most of them are Poe Karen People believe in Christianity and some Kayin Traditionsl “Laekal” ethnic group also live together. As it is a community based tourism destination, local and foreign travellers from Hpa-an City, can come and explore for hours (or) stay overnight there.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ကျုံထော်ရေတံခွန် (Kyone Htaw Waterfall)

အကြောင်း

ကျုံထော်ရေတံခွန်သည် ဘားအံမြို့မှ မြောက်ဘက်မိုင်(၅၅)ခန့်အကွာ မြိုင်ကြီးငူ အထူးဒေသတွင် တည်ရှိပြီး ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးသည်များ များပြားစွာ လာရောက် လည်ပတ်နေသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပါသည်။ ပင်မရေအိုင် အကျယ်(၁၅၀×၇၅)မီတာခန့်ရှိပြီး အမြင့်(၁၀)မီတာ ကျော် ခန့်မှ အဆင့်(၃)ဆင့်ဖြင့်ရေများစီးဆင်းနေပါသည်။ အနက်ဆုံးနေရာ သည်ပေ(၃၀)ခန့်ရှိပြီး မိုးရာသီတွင် ရေစီးအားကောင်းကာ သွားလာရန်ခက်ခဲသည့်အတွက် ပွင့်လင်း ရာသီရောက်ရှိမှသာ ပြည်တွင်းခရီး သည်များလာရောက်လည်ပတ် လျက်ရှိပါသည်။ အရှေ့ဘက် (၂၈)ကီလိုမီတာခန့်အကွာသည် ထိုင်းနိုင်ငံ နယ်စပ်ဖြစ်ပါသည်။ သက်သက်လွတ် နယ်မြေ တစ်ခုလည်းဖြစ်ပြီး ခရီးစဉ်ဒေသစီမံအုပ်ချုပ်မှုကို မြိုင်ကြီးငူ ဆရာတော်များမှ တိုက်ရိုက် ထိန်းသိမ်းကြီးကြပ် လုပ်ကိုင်လျက်ရှိပြီး ပြည်နယ်အစိုးရ၊ အရပ်ဖက်အဖွဲ့ အစည်းများမှလည်း လိုအပ်ချက်များ တောင်းခံလာပါက ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါသည်။

Kyone Htaw Waterfall is located about (55)miles north of Hpa-an City in Myaing Gyinguu special region. In the open season, many local travellers visit this waterfall. Main lake is about (150× 75) meters and over (10) meters high and water is flowing from 3 step waterfalls. most deepest place is about (30) feet and as the strong current flow in the rainy season. So, local travellers can visit only in the open season. About (28) km east is the border gate of Thiland. As it is a meat fies vegetarian territory, the Myaing Gyinguu Monks are directly maintained the administration of the destination and if there are no requirements from the State Government and the public organizaions are fulfilled.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

ပရေကြေးတို ရေတံခွန် (Preikyaeto Waterfall)

အကြောင်း

ပရေကြေးတို ရေတံခွန်သည် လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်အနီးတွင်တည်ရှိပြီး ဘားအံမှ မိုင်(၅၀)အကွာ ဘားအံ-လှိုင်းဘွဲ (၂၅)မိုင် ကတ္တရာလမ်းနှင့် လှိုင်းဘွဲ-ရှမ်းရွာသစ်(၂၅)မိုင် မြေသားလမ်းကို Steel Stone Co.,Ltd မှ ၂၀၁၇ခုနှစ် ပွင့်လင်းရာသီတွင် ကတ္တရာလမ်း ဆောက်လုပ်ဖွင့်လှစ်ခဲ့ပါသည်။ ပရေကြေးတို ရေတံခွန်သည် အဆင့်(၁၀)ဆင့်ခန့်ရှိပြီး ရေတံခွန် အပေါ်ပိုင်းတွင် ပိုမိုလှပစွာဖြင့် ရေလုံးကြီးများ ကျောက်ကြားမှ စီးဆင်းနေသော အလှအပများနှင့် ရေလွှာလျောစီးခြင်းများကို လေ့လာ ကြည့်ရှုခံစား နိုင်ပါမည်။ ကရင်ပြည်နယ်အစိုးအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများမှ ခရီးစဉ်ဒေသသစ်တစ်ခုဖြစ်ပေါ်လာရေး လျာထားလုပ်ကိုင်ဆောင်ရွက် လျက်ရှိပါသည်။

Preikyaeto Waterfall is located near Shanywarthit, Hlaingbwe Township, (50) miles away from Hpa-an. Steel Stone Co.,Ltd constructed (25) miles Hpaan – Hlaingbwe tar road and (25) miles Hlaingbwe-Shanywarthit earthen road in 2017. It has about (10) levels of waterfall. At the top of waterfall, water beautifully bubbles flowing through the rocks and you can see the beauty of waterfall and enjoy the wate water sliding. Kayin State Government, ethnic armed group and local people are trying hard to appear as a new destination.

ဓါတ်ပုံ

 

မှတ်ချက်

ပြည်တွင်း၊ပြည်ပ ခရီးသွားများ ရာသီမရွေးသွားလာနိုင်ပါသည်။
Local and Foreigner Tourists can travel throughout the year.

**********

 

ခရီးစဉ်အမည်

တောနော်ရေတံခွန် (Tawnaw Waterfall)

အကြောင်း

တောနော်ရေတံခွန်သည် ကော့ကရိတ်မြို့နယ်၊ အာရှအဝေးပြေးလမ်းမကြီးအနီးတွင် တည်ရှိပြီး ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် အကြိုဖွင့်လှစ်ခဲ့ကာ အဆင့်(၃)ဆင့်ရှိရေတံခွန် အမျိုးအစား ဖြစ်ပြီး ခရီးစဉ်ဒေသအသစ်(၁)ခုအဖြစ် အဆင့်မြှင့်တင်ခြင်းကို ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင် များမှ ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အချိန်တွင်ရေတံခွန်အနီး၌ အပန်းဖြေဘန်ဂလိုများ၊ စျေးဆိုင် တန်းများကို ဆောက်လုပ်ထားပြီး အဆင့်ဆင့်တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Tawnaw watefall is located near the Asian Highway in Kawkareik Township and it was soft opened in February 2018. It has (3) levels of waterfall and local entrepreneurs are trying to upgrade as a new destination. Nowadays, a recreational bungalows and shops are constructed and keep on upgrading near the waterfall.

ဓါတ်ပုံ

 

မှတ်ချက်

လတ်တလော လုံခြုံရေး ကန့်သတ်မှုရှိပါသည်။
There has currently security restrictions.

**********

 

ခရီးစဉ်အမည်

နော်ဘူဘော ဆုတောင်းတောင် (Naw Bu Baw Prayer Mountain)

အကြောင်း

ကရင်ပြည်နယ် သံတောင်ကြီးဒေသရှိ နော်ဘူဘော ဆုတောင်းတောင်ပေါ်မှနေ၍ တိမ်ပင်လယ် ရှုခင်းများနှင့် ပတ်ဝန်းကျင်ရှိ တောတောင်များ၏ သဘာဝအလှအပရှုခင်းများကို မြင်တွေ့ခံစား နိုင်သောကြောင့် ပြည်တွင်း၊ပြည်ပခရီးသွားများ လာရောက်လည်ပတ်လျက် ရှိပါသည်။

You can see the sea of clouds and the natural landscapes of the forest from the top of Naw Bu Baw Paryer Mountain, located in Than Taung Gyi region, Kayin State. local and foreign tourists keep visiting there now. 

ဓါတ်ပုံ

 

မှတ်ချက်

လတ်တလော လုံခြုံရေး ကန့်သတ်မှုရှိပါသည်။
There has currently security restrictions.

**********