Weipyan Cave

weipyan cave

Weipyan Cave is included as one of the famous cave in Kayin State. This cave can be reached by sailing up to Than Lwin River from Hpa-an for about 24 miles up to Shwegunn Village. From Shwegunn, one has to sail up to Kaw Lon Island which is four miles away from Shwegunn. The Weipyan Mountain can be seen on the west bank of Than Lwin River to the opposite side of Kaw Lon Island and Komaung Village. The Wei Pyan Cave is available at the foot of Weipyan Mountain. This cave is situated on the border between Hpa-an and Hpa-pun townships. It is located on the cliff above 60 feet high from the ground. The cave entrance is 20 feet wide and 120 feet in length. The roof of Weipyan Cave is 30 feet height. According to oral tradition, a Mon King built this cave. The votive tablets and mural paintings inside this cave are contemporary with Kawgunn Cave that these two caves are built in same period. The Weipyan Cave is also called second Kawgunn Cave. Many Buddha images in various sizes are available inside the cave.

 

The Buddha images in seated positions, standing positions and reclining positions were sculptured on the roof and on the corner of the cave wall. On the higher level of the roof, some remains of votive tablets can be found. The faded mural painting can be seen on the eastern wall of the cave. The pagoda festival of Wei Pyan Cave is annually celebrated on the eve of Water Festival to the New Year day of Myanmar calendar. Although it is difficult to trace the history of Wei Pyan Cave, it is regarded as a distinguished cave full of Buddhist art and architecture.

weipyan cave
 

ဝဲပျံဂူ

********

ဝဲပျံဂူသည်၊ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊သံလွင်မြစ်အနောက်ဘက်ခြမ်း၊ဘားအံမြို့မမိုင်(၄၀)ခန့်အကွ ာမိဇိုင်းကျေးရွာအုပ်စု၊ ဝဲပျံကျေးရွာ၌တည်ရှိပြီး အမြင့်ပေ(၅၀၀)ကျော်ရှိ၍ အရှည်(၄)မိုင်ကျော်ခန့်ရှိသည့် ထုံးကျောက်တောင်၌တည်ရှိပြီးဂူတော်မှာ အလျားပေ(၂၀၀)ခန့်၊အနံပေ(၇၀)ခန့်နှင့် အမြင့် ပေ(၃၀)ခန့်ရှိသည်။

 

ဝဲပျံ ဂူဘုရားသမိုင်း

*********************

သမိုင်းမှတ်တမ်းအထောက်အထား အတိအကျရေးသားပြုစုခဲ့ခြင်း မရှိသော်လည်း လက်ဆင့်ကမ်းသယ်ဆောင်လာသည့် ပါးစပ်ရာဇဝင်များအရ အဆိုပါဂူဘုရားအား မွန်ဘုရင်တစ်ပါးမှ တည်ထားခဲ့ပြီး ဂူအတွင်း၌ အုတ်ခွက်ဘုရားများ နံရံဆေးပန်းချီလက်ရာများမှာ ကော့ဂွန်းဂူရှိလက်ရာများနှင့်တစ်ထပ်တည်းတူညီမှုရှိ၍ တစ်ခေတ်ထဲပေါ်ထွန်းလာခဲ့ခြင်းလည်း ဖြစ်နိုင်သည်ဟုခန့်မှန်းသိရသည်။

ဝဲပျံဂူ၌အညာဒေသမှဦးရွှေဖုန်း နှင့် ဦးဆုန်တို့(၂)ဦးမှ သာသနာ့ဘောင်ဝင်ရောက်ခဲ့ပြီး စတင်သီတင်းသုံးခဲ့ရာ ယင်းအချိန်က တောင်ပေါ်တွင်စေတီတစ်ဆူ သာတည်ထားကိုးကွယ်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် တောင်တန်းသာသနာပြုဆရာတော်ဦးကောဝိဒမှ သီတင်းသုံးလျက်ရှိပါသည်။ဒေသခံများအဆိုအရ မမြင်နိုင်သည့်ပုဂ္ဂိုလ်များမှ ဂူတော်တည်ရှိရာတောင်အား စောင့်ရှောက်ပေးသည် ဟုယုံကြည်လက်ခံမှုများ ရှိကြောင်းလည်း သိရသည်။

ခိုင်မာသည့်သမိုင်းအထောက်အထား မရှိသော်လည်းရှေးဟောင်းလက်ရာလေ့လာသူများ၊ သဘာဝရှုခင်းများ လေ့လာခြင်သူများ နှင့် ဂူဘုရားများ ဖူးမျှော်လေ့လာခြင်သူများအနေဖြင့် သွားရောက်လေ့လာလည်ပတ်လိုပါက ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဝါးဘိုးတော-ကမမောင်း ကားလမ်းမှတစ်ဆင့်ကမမောင်း-ဖာပွန် ကားလမ်းမဘေးတွင် တည်ရှိပြီးသံလွင်မြစ်ကမ်း နဖူးတွင်လည်းတည်ရှိသော ကြောင့်ကုန်းလမ်းရေလမ်းမှ တစ်ဆင့်အလွယ်တကူလာရောက်နိုင်သည့် ရှေးဟောင်းလက်ရာများ၊သဘာဝရှုခင်းအလှများဖြင့်ထုံမွမ်းနေသည့်ဝဲပျံဂူကို လည်းလေ့လာနိုင်ဘို့ဖိတ်ခေါ်ပါရစေ...

ရိုးသားသည့် ဒေသခံများ၏ဖော်ရွှေသည့် ဆက်ဆံရေးကလည်း ခရီးသွားပြည်သူများအတွက် ကြည်နှုးပျော်ရွင်စေမည့် နေရာတစ်ခုဆိုတာ....ရောက်ဖူးသူတိုင်းသိမှာပါ.....ဒေသခံများထံမှမေးမြန်းသိရှိရသမျှသာ မျှဝေခြင်းဖြစ်၍ လိုအပ်မှုရှိက အကြံပြုရေးသားနိုင်ပါသည်။