ကရင်ပြည်နယ်ရှိ ထင်ရှားသော ခရီးစဉ်ဒေသများနှင့် ရိုးရာပွဲတော်ဆိုင်ရာများ

 

(၁) ပြည်နယ်ပထဝီဝင်

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံတောင်ဖျားပိုင်းရှိ ပင်လယ်ပြင်နှင့်ကမ်းခြေများအကြား တောင်ထူထပ်သော မြေမျက်နှာပြင် အနေအထားတွင်တည်ရှိသည်။ ပြည်နယ်၏စုစုပေါင်းမြေသည် ဧရိယာစတုရန်းမိုင်(၄၇၄၇.၇)၊ စတုရန်းကီလိုမီတာ (၁၂၂၉၆.၆)ကျယ်ဝန်းပြီး ထိုင်းနိုင်ငံ၊ မွန်ပြည် နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့နှင့်ထိစပ်နေပါသည်။ ကရင် ပြည်နယ်၏ မြို့တော်မှာ ဘားအံမြို့ဖြစ်ပြီး ဘေးပတ်လည်တွင် လှပသော ထုံးကျောက် တောင်များ ဖြင့် ဝန်းရံထားသည်။ စိမ်းလန်းသော စပါးခင်းများ နှင့် အံ့သြဖွယ် လိုဏ်ဂူများလည်း ပေါများလှ ပါသည်။ ကရင်ပြည်နယ်တွင် ပူနွေးစိုစွတ်သော ရာသီဥတုရှိပါသည်။

 

**********

(၂) ထင်ရှားသောနေရာများ

(က) ရွှေရင်မျှော်ပြည်တော်ဧစေတီတော်

image001

ရွှေယဉ်မျှော်ပြည်တော်ဧစေတီသည် ဘားအံမြို့၏ အနောက်မြောက်ထောင့် သံလွင်မြစ်ကမ်း နဖူးကျောက်ကုန်းမြင့်ကြီးပေါ်တွင် တည်ထားပါသည်။ ၁၃၂၀ ခုနှစ်၊ ကဆုန်လဆန်း(၁၀)ရက် (တနင်္ဂနွေနေ့) တွင်စတင်၍ အုတ်မြစ်ချပြီး ဉာဏ်တော်(၃၂) တောင်ရှိ စေတီတော်ကြီးနှင့် အရန်စေ တီ(၄)ဆူတို့ကို တည်ထားခဲ့ပါသည်။

 

(ခ) ကျောက်ကလာပ်စေတီ

image002

စေတီသည် ဘားအံမြို့မှ (၇)မိုင်ခန့်ကွာဝေးပြီး သံလွင်မြစ်၏အရှေ့ဘက်ကမ်း တော် ပုံကျေးရွာအနီးတွင် တည်ရှိသည်။ စေတီသည် မြန်မာပြည်ရှိ အခြားသော ဘုရားစေတီများနှင့် မတူဘဲရှည်မြောမြော ကျောက်တုံးကြီးပေါ်တွင် တည်ရှိပါသည်။ ကျောက်တောင်ပေါ်မှနေ၍ ဘေးပတ် ဝန်းကျင်ရှုခင်းများ နှင့် မလှမ်းမကမ်းမှ ဇွဲကပင်စေတီကို လှမ်းမြင်ရသည်။ ညနေခင်း နေဝင်ချိန် အလှ ကိုလည်း တောင်ပေါ်မှ မြင်နိုင်ပါသည်။ စေတီသို့လာရောက်သည့် ခရီးသွားဧည့်သည်များအား သက် သက်လွတ် ဟင်းလျာများနေ့စဉ် ကျွေးမွေးလျက်ရှိသည်။

 

(ဂ) ကန်သာယာ

image003

ဘားအံမြို့လယ်တွင် တည်ရှိကာ သဘာဝကို ပြုပြင်မွမ်းမံထားသော မြို့ကျက်သရေ ဆောင် ဖြစ်ပြီး ပြည်နယ်အထိမ်းအမှတ် ဇွဲကပင်တောင်နှင့် လိုက်ဖက်စွာတည်ရှိနေပါသည်။ ခရီး သွားများနှင့် ပြည်သူများအပန်းဖြေလေ့လာခြင်း၊ ကျန်းမာရေးနှင့် အားကစားပြုလုပ်နိုင်ရန် ကန်ပတ် လမ်း၊ ညဈေးတန်း၊ အများသုံးအိမ်သာ၊ ပန်းခြံနှင့် အပန်းဖြေရန်နေရာများ ပြုလုပ်ပေးထားပါသည်။

 

(ဃ) ဇွဲကပင်တောင်နှင့် လုမ္မဏီဥယျာဉ်

image004

ဘားအံမြို့၏တောင်ဘက် (၁၀)ကီလိုမီတာအကွာတွင် တည်ရှိပြီး အမြင့်(၂၃၇၂) ပေရှိ ၍ တောင်ထိပ်သို့တက်ရန် (၂)နာရီခန့်ကြာမြင့်ပါသည်။ ဗုဒ္ဓဘုရားရှင်၏ ဆံတော်များ ပူဇော်ထားရှိ ပါသည်။ ဘုရားပွဲကို နှစ်စဉ်တပေါင်းလပြည့်ရောက်တိုင်း ကျင်းပကြပါသည်။

 

(င) ကြာအင်းတောင်

image005

ဘားအံမြို့ရှိ ကြာအင်းတောင်သည် ပေ(၁၅၀၀)ခန့်မြင့်မားပြီး လာရောက်လည်ပတ်မှု များသော ခရီးစဉ်အသစ်အဖြစ် မြို့ခံပြည်သူများသာမက အခြားဒေသမှ ပြည်တွင်းခရီးသွား ဧည့်သည် များပါ လာရောက်လည်ပတ်လျက်ရှိပြီး ပြည်နယ်အစိုးရမှ ရှုခင်းသာ၊ အများသုံးသန့်စင်ခန်း (၄)ခန်းတွဲ(၁)လုံးနှင့် (၈)ခန်းတွဲ(၁)လုံး၊ ကားရပ်နားကွင်း(၂)ခုတည်ဆောက်ထားရှိပေးပြီး ဖြစ်ပါသည်။

 

**********

(၃) သမိုင်းဝင်နေရာများ

(က) ဆဒ္ဒန်ဂူ

image006

ဆဒ္ဒန်ဂူသည် ဘားအံမြို့နှင့် မိုင်(၂၀)ခန့်အကွာ တောင်ဘက် ဇွဲကပင်တောင်စွယ် အဆုံး တွင်တည်ရှိ၍ ဘားအံမြို့နယ်အတွင်းရှိ အိန္ဒူကျေးရွာမှတစ်ဆင့် သွားရောက်နိုင်ပါသည်။ ဆဒ္ဒန်ဆင်မင်းဝတ္ထု ဇာတ်တော်ပါ အကြောင်းအရာ အမှတ်အသားရှိသော ကျောက်တုံး ကျောက် ဆောင်နှင့် ထူးဆန်းအံ့သြဖွယ်ရာ လိုဏ်ဂူဖြစ်သဖြင့် ဆဒ္ဒန်ဂူဟု ခေါ်တွင်ခဲ့ကြခြင်းဖြစ်သည်။ ဆဒ္ဒန်ဂူ သည် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များနှင့် ရှေးဟောင်းပစ္စည်းများကြွယ်ဝသောဂူကြီးလည်းဖြစ် သည်။ ဤလိုဏ်ဂူတော်သည် တိုးလျှိုပေါက် ကျောက်ဂူဖြစ်ပြီး ဂူပေါက်ဝ အကျယ်ဆုံးနှင့် ဂူအတွင်း အလျားအရှည်ဆုံးဖြစ်သည်။ လိုဏ်ဂူ၏အဝသည် ပေ(၁၅၀)ခန့် အထိ ကျယ်ဝန်းပြီး အရှည်အားဖြင့် (၂) ဖာလုံခန့်ရှိသည်။ ဂူအတွင်း အကျယ်ဆုံးနေရာတွင် ပေ(၅၀)ခန့် ရှိပြီး အကျဉ်းဆုံးအပိုင်းတွင်မူ (၁၅)ပေခန့်သာ ကျယ်သည်။ ဂူအတွင်းသို့ ဝင်လျင်ဝင်ခြင်း ဉာဏ်တော်အတောင် (၃၀)ခန့်ရှိသော လျောင်းတော်မူတစ်ဆူကို ဖူးတွေ့ နိုင်ပြီး ဆင်းတုတော်များ၊ စေတီငယ်များကိုလည်း ဂူအတွင်း နေရာအနှံ့အပြားတည်ထားသည်ကို ဖူးတွေ့နိုင်သည်။ဂူအနောက်ဘက် ထွက်ပေါက်မှတစ်ဆင့် ဂူအရှေ့ထိ ဆဒ္ဒန်ရေကန်ငယ်ဖြင့် ဝန်းရံထားပြီး အပျော်စီးလှေငယ်များဖြင့် လှော်ခပ်သွားလာ နိုင်သည်။ ဘုရားပွဲကို သင်္ကြန်ရက်အတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

 

(ခ) ကော့ကသောင်ဂူ

image007

ကော့ကသောင်ဂူသည် ဘားအံမြို့မှ တောင်ဘက် (၇)မိုင်အကွာ ဇွဲကပင်တောင်၏ အရှေ့ (၂)မိုင်အကွာတွင် တည်ရှိသည်။ ကော့ကသောင်ဂူသည် တစ်၀က်တစ်ပျက်လုံး၀န်းတဲ့ ပုံသဏ္ဍာန် ရှိပြီး ပေ(၁၀၀)ခန့်ကျယ် သည်။ ဂူအတွင်း ဘယ်၊ ညာ နှစ်ဖက်တွင် နှစ်ကျိပ် ရှစ်ဆူ ဘုရားများရှိ သည်။ ဂူအတွင်း လှပသော ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက် မိုးမျော် များတွေ့ရှိရမည်။ ဂူ သည် တစ်ဖက်ပွင့်ဂူ အမျိုးအစားဖြစ်ပြီး မျက်နှာဝ ပေ(၉၀)ပတ်လည်ခန့်၊ အမြင့်(၈)ပေနှင့် အလျား (၁၀၀)ပေ ရှိသည်။ ကော့ကသောင်ဂူနှင့် တစ်ဆက်တည်း အခြားဂူငယ် များကိုလည်းတွေ့ရှိမည်။ ကော့ကသောင်ဂူအရှေ့တွင် အပျော်စီးလှေငယ်များဖြင့် ရွာအတွင်းသို့ လှော်ခပ်သွားလာနိုင်သည်။ ဘုရားပွဲကို နှစ်စဉ် မြန်မာနှစ်ဆန်း(၂)ရက်နှင့် (၃)ရက်နေ့တွင် ကျင်းပသည်။

 

(ဂ) ကော့ဂွန်းဂူ

image008

ဘားအံမြို့မှ သံလွင်မြစ်အတိုင်း စုန်ဆင်း၍ (၅) မိုင်ခန့်အကွာတွင် အနောက်ဘက် ကမ်း၌တည်ရှိပြီးပင်လယ်ရေ မျက်နှာပြင်အထက်(၁၁၆)ပေရှိသော ဖားကပ်ရွာ၌တည်ရှိသည်။ ကော့ ဂွန်းတောင်မှာ လယ်ကွင်းပြင်တွင် တစ်တန်းတည်း တည်ရှိနေသောထုံးကျောက်တောင်ဖြစ်၏ ကော့ ဂွန်း တောင်၏ အရှေ့မြောက်မျက်နှာစာတွင် ကော့ဂွန်းလှိုဏ်ဂူတည်ရှိသည်။ ကော့ဂွန်းဂူ၏ သဘာဝအလျောက် ဖြစ်ပေါ်နေသော လှိုဏ်ဂူအမိုးနှင့်ဆေးရေးနံရံကျောက်ခက် ကျောက်စွယ်များ သည် လူတစ်ရပ်ခန့်အရွယ်အစားမှ သုံးလက်မ၊ လေးလက်မအထိ အရွယ်စုံနံရံကပ်ဆင်းတုတော်များ ထု လုပ် ထားသည်။ ကွက်ပြည့်မျှ ထုလုပ်ထားသော ပြဒါးရောင်ချယ် ရှေးလက်ရာ မြေမီးဖုတ်၊ အုတ် ခွက်ဗုဒ္ဓ ဆင်းတုတော်များဖြင့် ဗုဒ္ဓဆိုင်ရာ ကျောက်ဆစ် ရုပ်ပွားတော်များကို နံရံပြည့်ထွင်း ထုထား ပါသည်။ အလားတူ ဆေးရေးစာ၊ မှင်စာ၊ ကျောက်စာနှင့် ရှေးမွန်စာတို့ကိုလည်းလေ့လာနိုင်ပြီး၊ ၁၉ ရာစု အစောပိုင်းခရီးသွားမှတ်တမ်းအထောက်အထားများကို တွေ့ရှိထားပြီးဖြစ်ပါသည်၊ ကော့ဂွန်းဂူ ဘုရား ပွဲတော်ကို ဧပြီ လသင်္ကြန်အလွန်တွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။

 

(ဃ) ရသေ့ပျံဂူ

image009

ရသေ့ပျံဂူသည် ဘားအံမြို့မှ (၉)မိုင်အကွာ၊ ဘားကပ်ရွာမှ (၃)မိုင်အကွာရှိ တောင် ခြေမှ (၁၅၀ပေ)အမြင့်တွင်တည်ရှိပြီး နှစ်ဖက်ပွင့် သဘာဝထုံးကျောက်ဂူ အမျိုးအစားဖြစ်သည်။ ဂူအ တွင်း ဘုရားစေတီတည်ထားခြင်းကို ရသေ့ပျံနှင့်ဆဒ္ဒန်ဂူများတွင်သာ တွေ့ရှိရပါသည်။ မြေစေး၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော ပုဂံ၊ အင်း၀၊ တောင်ငူနှင့် ကုန်းဘောင် ခေတ်ပြိုင်ကာလ ဟိန္ဒူ လက်ရာများတွေ့ရှိရသဖြင့် ဗုဒ္ဓဘာသာသည် လွန်ခဲ့သော နှစ်ပေါင်း (၁၅၀၀)ခန့်ကပင် မြန်မာနိုင်ငံ သို့ သြဇာသက်ရောက်လျက်ရှိသည့် အထောက်အထားများအဖြစ် တွေ့ရှိရပါသည်။ ဂူအတွင်း၌ သက်ရှိမျိုးစိတ်(၄)မျိုးနှင့် ကျောရိုးမဲ့မျိုးစိတ် (၁၅)မျိုး နေထိုင် ကျက်စားကာ လင်းနို့အကောင်ရေ (၆၀၀၀၀)ကျော် တွေ့ရှိရပါသည်။ ၂၀၁၈ခုနှစ်တွင် ဂူအနောက်ပေါက်၌ မီတာ (၂၀၀)ခန့်ရှည်သော ရှုခင်းသာတံတားကို သံဖရိန်ဖြင့် တည်ဆောက်ထားပြီး ညနေဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်ပါသည်။

 

**********

(၄) ထူးခြားသည့်နေရာများ

(က) ကျုံထော်ရေတံခွန်

image010

ကျုံထော်ရေတံခွန်သည် ဘားအံမြို့မှ မြောက်ဘက်မိုင်(၅၅)ခန့်အကွာ မြိုင်ကြီးငူ အထူးဒေသတွင် တည်ရှိပြီး ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးသည်များ များပြားစွာ လာရောက် လည်ပတ်နေသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပါသည်။ ပင်မရေအိုင် အကျယ်(၁၅၀×၇၅)မီတာခန့်ရှိပြီး အမြင့်(၁၀)မီတာကျော်ခန့်မှ အဆင့်(၃)ဆင့်ဖြင့်ရေများစီးဆင်းနေပါသည်။ အနက်ဆုံးနေရာ သည် ပေ(၃၀)ခန့်ရှိပြီး မိုးရာသီတွင် ရေစီးအားကောင်းကာ သွားလာရန်ခက်ခဲသည့်အတွက် ပွင့်လင်း ရာသီရောက်ရှိမှသာ ပြည်တွင်းခရီးသည်များ လာရောက်လည်ပတ်လျက်ရှိပါသည်။

 

(ခ) ပရေကြေးတို ရေတံခွန်

image011

ပရေကြေးတို ရေတံခွန်သည် လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်အနီးတွင်တည်ရှိပြီး ဘားအံ မှ မိုင်(၅၀)အကွာ ဘားအံ-လှိုင်းဘွဲ (၂၅)မိုင် ကတ္တရာလမ်းနှင့် လှိုင်းဘွဲ-ရှမ်းရွာသစ်(၂၅)မိုင်တွင် တည်ရှိသည်။ ပရေကြေးတိုရေတံခွန်သည် အဆင့်(၁၀)ဆင့်ခန့်ရှိပြီး ရေတံခွန် အပေါ်ပိုင်းတွင် ပိုမို လှပစွာဖြင့် ရေလုံးကြီးများ ကျောက်ကြားမှ စီးဆင်းနေသော အလှအပများနှင့် ရေလွှာ လျောစီးခြင်း များကို လေ့လာကြည့်ရှုခံစားနိုင်ပါမည်။

 

(ဂ) ထွန့်ပတိုင်ရေကန်

image012

ထွန့်ပတိုင်ရေကန်သည် ဘားအံမြို့အနီးလှိုင်ကားကျေးရွာတွင် တည်ရှိပြီး နောင်လုံ တောင်ကြားလမ်းမှလည်းသွားရောက်လည်ပတ်နိုင်ပါသည်။ ရေကန်အထက်တွင် ကျောက်တောင်(၁) ခုတည်ရှိပြီး ယင်းတောင်ပေါ်သို့ ကွန်ကရစ်လှေကားမှတဆင့် တက်ရောက်နိုင်ပြီး ပတ်ဝန်းကျင် ရှုခင်းအား ကြည့်ရှုနိုင်ပါသည်။ တောင်ခြေရင်းတွင် အစိမ်းရောင်ရေပြင်ဝန်းရံပြီး သာယာလှပသော ခရီးစဉ်တခုဖြစ်ပါသည်။

 

**********

(၅) ပွဲတော်များ

(က) ရေသဘင်ပွဲတော်၊ သက်ကြီးပူဇော်ပွဲနှင့်ငါးလွှတ်ပွဲ

image013

မြန်မာတိုင်းရင်းသားလူမျိုးတို့နည်းတူ ကရင်တိုင်းရင်းသားတို့သည် ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးထမ်းများကို အစဉ်အလာမပျက်ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် ရေသဘင်ပွဲတော်များ ကျင်းပခြင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တိုင်း သက်ကြီးပူဇော်ပွဲအလှူတော်မင်္ဂလာ နှင့်ဇီဝိတဒါန ငါးလွှတ်ပွဲတို့ကို နှစ်စဉ်ကျင်းပကြပါသည်။

 

(ခ) ချည်ဖြူဖွဲ့ပွဲ (ခေါ်) လက်ချည်ပွဲ

image014

ချည်ဖြူဖွဲ့ပွဲ(ခေါ်) လက်ချည်ပွဲကို နှစ်စဉ် ဝါခေါင်လပြည့်နေ့ရောက်တိုင်း ကျင်းပလေ့ ရှိသော ကရင်တိုင်းရင်းသားများ၏ ရိုးရာပွဲတော် တစ်ခုဖြစ်ပါသည်။ ကရင်လူမျိုးများသည် ရှေးဘိုး ဘေးဘီဘင်များ၏ ရေကြီးလေ့ရှိပြီး ဆန်ရေစပါးများ တဖြည်းဖြည်း လျော့နည်းလာကာ စား သောက်ရာတွင်လည်း ပုံမှန် ထက်ပို၍ကုန်ကျသည်ဟု ထင်မြင်ပြီး မကောင်းဆိုးဝါးများ လူတွင်ဝင် ရောက် ပူးကပ်သည်ဟုယူဆသည့်အတွက် ကိုယ့်လိပ်ပြာ မလွင့်သွားအောင် လိပ်ပြာကိုခေါ်လေ့ရှိ ကြောင်း၊ ဝိဉာဏ်လိပ်ပြာ မလွင့်သွားအောင် ချည်ဖြူဖြင့် လက်တွင်ချည်နှောင်ပြီး ဆံဖြူခါးကုန်း သည်အထိ လိပ်ပြာဝိဉာဏ်ကို ကိုယ်နှင့်မကွာ နေထိုင်နိုင်စေရန်ဆုတောင်း မေတ္တာပြုခြင်းသည် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ၏ အနှစ်သာရပင် ဖြစ်ပါသည်။

 

(ဂ) ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်

image015

ကရင်အမျိုးသားများသည်နှစ်ဟောင်းကူးပြောင်း၍နှစ်သစ်မင်္ဂလာကိုကြိုဆိုခြင်း၊ နှစ် သစ်တွင် ကောက်ပဲသီးနှံပေါများရန် ဆုတောင်းခြင်းကို ပြုလုပ်ကြသည်။ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ပြာသိုလဆန်း (၁)ရက်နေ့တွင်ကျင်းပကြသည်။ ကောက်ဦးပေါ်ချိန်ဖြစ်၍ ရရှိသော သီးနှံများ ကို ဘုရားအား ရည်စူးပြီး ဦးဦးဖျားဖျား အလှူဒါနပြု လုပ်လေ့ရှိသည်။ မင်္ဂလာအခါဖြစ်သည့် နှစ်သစ် ကူးပွဲတွင် တပျော်တပါးစုပေါင်း စားသောက်ကြပြီး စုဝေးရောက်ရှိလာသူများ စုပေါင်း၍ကကြ သည်။ စုစည်းသရုပ်ဖော် ဒုံးအကများလည်းကလေ့ရှိသည်။

 

**********