Saddan Cave

saddan cave

The Saddan Cave is one of the significant caves which are rich in Buddhist art and architecture. It is located about 20 miles away from Hpa-an. This cave is called ‘Htant Kama Khameik ( xefUurmhcrdkuf )’ in Kayin language. The word ‘Htant (xefU) means cave with one entrance , and ‘Kama (urmh)’ means reservoir which has four sided banks or fishing pond. The word ‘Khameik (crdkuf)’ means the plants called Kant Eit Pin. These plants are mostly grown on the embankments of lake. All parts of this plant, fruit, bud, and flowers are eatable. Thus, the name ‘Htant Kama Khameik( xefUurmhcrdkuf )’ means the place where lake and that plant is available.The environ of the Saddan Cave turns into vast water flooded area and a large lake is available in the southwest of this cave. It is 20 acres wide lake. Hsinhaing Mountain also known as Htant Baing Nar and a large pond are available in the south of this lake.

 

This large pond is also known as a pond where Saddan elephant was resided. Many lime stalactites are amazingly found inside the Saddan Cave. Some stalactites look like elephants’ teeth and tusk in white colour. The Saddan Cave can go through to the other side of entrance, and two holes perforated by hunters are available. The place where stone saw was put up, the place where molar of the Saddan elephant was broken down, the place where intestines were pulling down called stone intestines, hunter hut, stone gridding plate and stone hitching post for elephant, and the things related to the story of the Saddan elephant are named. On account of having some stone structures likely to be elephant, this cave is known as the Saddan Cave.A reclining Buddha of 30 taung and two seated Buddha images are found in the cave entrance. The wide of cave’s entrance is 100 feet wide and light can be visible up to 60 feet of distance from the cave entrance. At about that distance inside the cave, some pits of stone blood ( a kind of jelly like substance from stone) are available.

saddan cave
 
saddan cave

After that stone pits, a saw like stone standing to a height of a man is believed to be the saw which cut the tusk of Saddan elephant. After this stone saw, a hole above the roof of the cave from which light comes through is found. It is believed that hole appeared when hunter Sawnuttra blew arrow to the Saddan elephant. A coin of stone stalactite is known as the Saddan elephant’s intestines. A stone in the form of a hut can be found in a few distances away from stone intestines which is known as hut of hunter Sawnuttra. A stone in form of a molar can be seen beside it. After this place, a place called MokesoMyarpauk (where hunter blew his arrow) can be seen from a light passing through over the roof of cave. A stone post called hitching post of elephant can be found under the light. After walking a few distance from this stone post, one can reaches the other side of the entrance of cave. A large lake can be found in this entrance which is believed to be a bathing lake for the Saddan elephant. The length of the cave is two furlong long.

Monastery, sima, terraces, well and rest houses can be found on the bank of mountain near the cave’s entrance. The festival of Saddan Cave is annually held on the end day of Water Festival and the full moon day of Wakhaung. Since the ancient time, the cultural heritage of this cave was preserved by residing monks from the villages nearby. This Saddan Cave is the cave which can go through from entrance to exit and has many Buddhist art and architecture. Thus, this Saddan Cave is included as one of the best tourist attractions in Kayin State.

 

ဆဒ္ဒန်လိုဏ်ဂူတော်

********************

တည်နေရာ

ကရင်ပြည်နယ် ဘားအံမြို့တောင်ဖက် မိုင်-၂၀ အကွာရှိ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင် ထန့်ကမာ့ခမိုက် - ဆဒ္ဒန်လိုက်ဂူတော်ရှိသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာတို့နှင့်နီးသည်။ ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုရွာမှတစ်ဆင့်လည်းကောင်း ၊ ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှလည်းကောင်း မွန်ပြည်နယ်မှလာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်) တံတားကိုဖြတ်ကာ ၊ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှလည်းကောင်း သွားရောက်နိုင်သည်။

တန့်ကမာ့ခမိုက်ဟုခေါ်ခြင်းအကြောင်း

****************************************

လိုဏ်ဂူအနီးတွင် ရေကန်နှင့် ကန့်အိတ်ပင် ရှိသောကြောင့် ထိုနေရာအရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟုသိရသည်။

ဆဒ္ဒန်လိုဏ်ဂူဟုခေါ်ခြင်းအကြောင်း

****************************************

လိုဏ်ဂူ၏ပတ်၀န်းကျင်တွင် ဧက ၂၀-ခန့်ကျယ်သော အင်းအိုင်ကြီးရှိသည်။ ထိုအင်းအိုင်ကြီး၏ တောင် ဘက်တွင် ထန့်ဘိုင်းနာ့ခေါ် ဆင်ဟိုင်းတောင်နှင့် အင်းကြီးရှိသည်။ ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန် အိုင်ဟု တင်စားကြသည်။ ထူးဆန်းသော သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တို့ရှိ သည်။ ထိုသဘာ၀တရားတို့သည် ဆဒ္ဒန်ဆင်မင်း ဇာတ်၀တ္ထုနှင့် များစွာတူညီသည်ကို အစွဲပြု၍ ဆဒ္ဒန်ဂူ ဟု ခေါ်တွင်ကြသည်။

နန်းရွှေကျင်နှင့်ဆဒ္ဒန်ဂူ

****************************************

ရှေးအခါက ဒုံရင်းနေပြည်တော် သုဓမ္မရာဇာမင်းကြီးနှင့် အဂ္ဂဒေဝီမိဖုရားတွင် ဒေ၀ဇာဏီဟူသော သားတော်တစ်ပါးရှိသည်။ အရွယ်ရောက်သောအခါ မုလအိ၊မုလအရှိမည်သော ရသေ့ကြီးနှစ်ပါးထံ ပညာသင်ရာ ၁၈-ရပ်သောအတတ်ကို သင်ယူပြီးမြောက်ခဲ့သည်။ ရသေ့ကြီးတို့၏ ဒါယကာဖြစ်သူ ဘိုးတာပေါ၏ သမီး နန်းရွှေကျင်နှင့်လက်ထပ်ပြီးနောက် မိဘကန့်တော့ရန် ဦးရီးတော်ဘိုးလုံးတော်နှင့် အတူ နေပြည်တော်သို့ ခရီးဆက်ခဲ့သည်။ နန်းရွှေကျင်၏ အကိုဖြစ်သူ တန်ပိပျော်သည် ညီမဖြစ်သူ ဒုက္ခရောက်လျင် သိရန်အလို့ငှာ ကတိသစ္စာပန်းစိုက်ပျိုးထားကာ နေ့စဉ်ရေလောင်းတော့သည်။ ထိုသို့ခရီး ဆက်ခဲ့ရာ ကျုံတိုးတောင်သို့ရောက်ခဲ့သည်။ ကျုံတိုးတောင်သည် နတ်၊ဝိဇ္ဇာများက စောင့်ရှောက်ရသော နတ်ဂမုန်း ဆေးပင်ဆေးဥတို့ဖြင့် ပြည့်နေသည်။ ကျုံတိုးတောင်ကို ဖြတ်ကျော်လျင် ပူဇော် ပသပြီးမှ သွားရ သည်။ နန်းရေကျင်တို့သုံးဦးသည် မပသပဲသွားမိသဖြင့် ဂမုန်းပင်၊ဆေးပင်များ တန်ဖိုးပျက်ကုန်ရာ နတ်ဝိဇ္ဇာ တို့ အမျက်ထွက်သဖြင့် အမျိုးမျိုးနှောက်ယှက်ကာ မင်းသားကို ကျိုင်းချောင်းတွင် သေအောင်သတ်၍ မိကျောင်းအဖြစ်ထားတော့သည်။ တူ၀ရီးနှစ်ယောက်ကိုလည်း ဂူအတွင်းထည့်ထားကာ ဂူ၀ကို ပိတ်ထား ခဲ့သည်။ ဂူတွင် ကိုယ်၀န်ရသဖြင့် နန်းရွှေကျင်မှ ကယ်တင်ပါရန် နတ်တို့အား တိုင်တည်သဖြင့် သိကြားမင်း ဆင်းကယ်လေသည်။ သားငယ်ကိုကား ခေါ်ယူမွေးမြူထားသည်။ သားတော်အရွယ်ရောက်သော အခါ မယ်တော်နှင့် ဦးရီးတော်တို့ကို ကယ်တင်ပြီး ဒုံရင်းနေပြည်တော်သို့ သွားရန် သိကြားမင်းထံခွင့်ပန်သည်။ သိကြားမင်းမှ အကယ်၍သွားမည်ဆိုလျင် လမ်းခရီးတွင် ရွှေယောင်ယဘုရားကို တွေ့ပါက ရှိမခိုးပါနှင့်။ အကြောင်းမှာ သင့်ဘိုးတော် ဒုံရင်းဘုရင်သည် စေတီတည်ရာ ထီးမတင်မီ ငါတည်သော ဘုရားကို ထီးတော် မတင်ရသေးပဲလျက် ရှိခိုးပါက ယောက်ျားဖြစ်က ကျားကိုက်စေ၊ မိန်းမဖြစ်က မြွေနဂါးပတ် ၍ သေစေ-ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ ထီးတင်၍မပြီးမီ နတ်ရွာစံခဲ့သည်။ ထို့ကြောင့် ရှိမခိုးပါနှင့်-ဟုပြောကာ သွားခွင့်ပြုသည်။ သိကြားမင်းသည် အခြားသူမဟုတ် တစ်ချိန်က ဒုံရင်းနေပြည်တော်၏ဘုရင် သုဓမ္မရာဇာ ၊ ဖြစ်သည်။ မင်းသားသည် မယ်တော်ကိုကယ်တင်၍သွားရာ လွန်းညတောင်ခြေအရောက်တွင် မိခင်ကို သင့်တော်ရာထား၍ ဦးရီးတော်နှင့်အတူ ရေရှာထွက်ခဲ့သည်။ အပြန်တွင် စေတီတော်ကိုမြင်၍ ကြည်ညို လွန်းသဖြင့် ရှိခိုးရာ ကျားတို့က အလိုလိုထွက်ကာ ကိုက်ကြလေသည်။ ဦးရီးတော်သည် နန်းရွှေကျင်ကို အကြောင်းချင်းရာအစုံ ပြောပြရာ နန်းရွှေကျင်သည် ရူးမတတ်ခံစားလျက် ဆက်လက်ထွက်ခွာလာရာ ဆဒ္ဒန်ဂူကိုတွေ့ရသဖြင့် ထိုဂူတွင် ရသေ့မ,၀တ်ကာ ဦးရီးတော်ကား ကပ္ပိယအဖြစ်ဖြင့် နေထိုင်လေသည်။ မုလအိမုလအ,တောင်ရှိ အစ်ကိုဖြစ်သူ တန်ပိပျော်၏ သစ္စာပန်းသည် နေ့စဉ်ရေလောင်းသော်လည်း ညှိုး သထက်ညှိုးလာရာ ညီမတော်ဒုက္ခရောက်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် လိုက်လာရာ လမ်းခရီး တွင် ရသေ့ကြီးတို့ ပေးလိုက်သော ဆေးလုံးတန်ခိုးကြောင့် အန္တရာယ်ကင်းခဲ့သည်။ ဝိဇ္ဇာနတ်များကို မေးမြန်းရာ သိကြားမင်းသယ်ဆောင်သည်မှစကာ အကြောင်းစုံရှင်းပြသည်။ တန်ပိပျော် သည် ဆေး လုံးဖြင့် မိကျောင်းကို ပစ်ပေါက်ရာ မိကျောင်းသည် ဒေ၀ဇာဏီမင်းသား အသွင်ကိုရရှိသည်။ ဆဒ္ဒန်ဂူ သို့ရောက်သောအခါ ရသေ့တို့ကလည်း စျာန်ဖြင့်ရောက်လာသဖြင့် နန်းရွှေကျင်ကို လူ၀တ်လဲစေ လျက် ပြန်လည် လက်ဆက်ပေးခဲ့သည်။ ဤကား နန်းရွှေကျင်နှင့် ဆဒ္ဒန်ဂူတို့ဇာတ်လမ်းတည်း။ လေးသည်ကျော်,လစွဲနှင့် ဆဒ္ဒန်ဂူ ထန့်ကမာ့ခမိုက်-ဆဒ္ဒန်ဂူသည် နေရာကျယ်၍ တိုးလျိုးပေါက်ရှိသည်။ မြေပြင်အထက် ပေ-၂၀ခန့်တွင် တည်ရှိသည်။ အခါတစ်ပါး ကရက္ကကတိုင်းဘုရင် တိဿသက္ကသည် ယွန်းသူပုန်တို့ကို နှိမ်နှင်းရာ နိုင်ငံ အစွန် အဖျား ဒိုဟန(ဒေါန)တောင်တန်းဒေသသို့ ရောက်ခဲ့ရာ ဤနေရာသည် ရန်ပေါင်းအောင်ရာ အရပ်ဖြစ်၏-ဟု ဆိုကာ ဇေယျမြို့ကို တည်ထောင်ကာ ခုနစ်လတိုင်တိုင်နေထိုင်သည်။ ထိုသို့နေစဉ်အတွင်း ဇွဲကပင်တောင်ခြေ ဆဒ္ဒန်ဂူတွင် စခန်းချလျက် ရပ်ရွာကိုစောင့်ရှောက်သော လေးသည်ကျော်,လစွဲသည် လက်ဆောင်ပဏ္ဏာနှင့်အတူ ဘုရင့်အား လာရောက် ဂါရဝြပုသည်။ ဘုရင်သည် လစွဲအား လုဒ္ဓယောဓဘွဲ့ အပ်နှင်း၍ ကရင်၊လ၀၊ပအိုဝ့်၊ရှမ်း၊မွန်တို့ နေထိုင်သော ပအာ၀နဒေသကို ဘုရင့်ကိုယ်စား လွှဲအပ်အုပ် ချုပ်စေသည်။ လုဒ္ဓယုဓ်မင်းသည် ပအာ၀နတောအုပ်ကို မြို့ပြတည်ထောင်သည်။ ပအာ၀နတောကြီးနှင့် ဇွဲကပင်တောင်ခြေ ပတ်၀န်းကျင်တို့ကို ပအာ၀နနေပြည်တော်အဖြစ် ပေးသနားတော်မူသည်။ တိဿသက္က မင်းလက်အောက်တွင် ၂၁-နှစ်တိုင်အောင် ထီးရံနန်းရံမင်းအဖြစ် နေခဲ့ပြီး ကောဇာ ၁၁၀-တွင် တိဿသက္က မင်းနတ်ရွာစံသဖြင့် သီးခြားမင်းပြုသည်။ ဘိုးတော်မင်းလက်ထက် ၁၁၄၉-ခု၊ မွန်ရာဇ၀င်မှ မြန်မာဘာသာ သို့ ပြန်ဆိုသော ကျမ်းတွင် ဂေါတမဘုရားရှင်မပွင့်မီ ၁၄-နှစ်မှစ၍ ပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ် ၁၆၀၁-တွင် သု၀ဏ္ဏဘူမိတိုင်း သုဓမ္မ၀တီ သထုံပြည်တွင် မနုဟာမင်းလက်ထက်တိုင် ပအာ၀နမြို့ ရှိခဲ့ကြောင်း ဆိုထားသည်။

ဆဒ္ဒန်ဂူ၏ အံ့ဖွယ်နေရာများ

*****************************

၁။ ကျောက်သွေးတွင်း

စီးပွားဖြစ်လုပ်စဉ်က မထွက်ပဲ ကုသိုလ်ဖြစ်ဝေငှသောအခါ ပုံမှန်ပြန်ထွက်သော ၊ကျောက်သွေးတွင်း ဖြစ်သည်။ ကိုယ်တွင်းရောဂါများပျောက်သည်။

၂။ ကြယ်ရောင်တောက်သော စိန်တောင်ကြီး

ဂူတွင်းတွင် ထိုသို့အရောင်တောက်သော်လည်း ဖဲ့ယူ၍ အပြင်ရောက်သောအခါ အရောင်တောက်မှုမရှိတော့ပေ။ သာမန်အဖြူရောင်သာထွက်တော့သည်။

၃။ လွှသဏ္ဍာန်နှင့်တူသော သဘာဝကျောက်တောင်ကြီး

ဆဒ္ဒန်ဆင်မင်းအစွယ်ကို မုဆိုးကြီးဖြတ်စဉ်က လွှသဏ္ဍာန်ဖြစ်နေသည်။

၄။ မုဆိုးမြားပေါက်

ထိုတောင်၏ အပေါက်မှာ ဝုိင်းနေ၍ လွန်နှင့်ဖေါက်ထားသကဲ့သို့ဖြစ်နေသည်။

၅။ သမီးတော်စံမြန်းသောဂူ

အမှောင်တွင် အရောင်တစ်မျိုး အလင်းတွင် အရောင်တစ်မျိုးဖြစ်နေသည်။ လုံလုံခြုံခြုံရှိ၍ ၀င်ရခက်သည်။ ဆဒ္ဒန်ဆင်မင်းက သူ၏သမီးကို အပြင်သွားလျင် ဖွက်ထားခဲ့သည့်နေရာ ဟုဆိုသည်။

၆။ ကျောက်အူခွေ

ကျောက်ကြောရှည်ရှည်မျှောမျှောများက ဆဒ္ဒန်ဆင်မင်း၏အူခွေအလား ထင်မှတ် ရသည်။

၇။ စပါးကျီတောင်

စပါးစေ့နှင့်တူသော ဂဝံကျောက်ဖြုန်းများရှိသည်။

၈။ ကျောက်ကမ်းပါးယံ

လင်းနို့များစွာတို့ ရှိနေကြသည်။

၉။ ကျောက်ရိုးပုံတိုင်ကြီး

ဆင်ကြီးတစ်ကောင် နှာမောင်းထောင်နေပုံသဏ္ဍာန်ရှိသည်။

၁၀။ မုဆိုးခမောက်

ကျောက်ချောတုံးကြီးသည် ခမောက်တစ်ချပ်နှင့် ပုံသဏ္ဍာန်ရှိနေသည်။

၁၁။ အံသွားကြွေကျရာ

ကျောက်ဆိုင်ခဲများ မြေတွင်စိုက်၀င်နေသည်မှာ ဆဒ္ဒန်ဆင်မင်းကို အစွယ်ဖြတ်စဉ် အံသွားတို့ ကြွေနေဟန်ဖြစ်သည်။

၁၂။ ဆင်တိုင်

အလွန်ကြီးမားသော ကျောက်မိုးမျှော်တိုင်ကြီးဖြစ်သည်။

၁၃။ ဂူ၀လွမ်းစေတီ

ကိုးတောင်ပြည့်စေတီဖြစ်သည်။

၁၄။ ဘေးမဲ့ရေအိုင်

ဧက ၂၀-ခန့်ကျယ်သော အိုင်ကြီးဖြစ်သည်။

၁၅။ ဆင်ဟိုင်းဂူ

ပေအမြင့် ၃၀-ခန့်ရှိ၍ ရှေးအခါက ဆဒ္ဒန်ဂူတွင် ဆင်ဖြူများနေ၍ ဤဂူတွင် ဆင်မည်းများနေသည်ဟုဆိုသည်။

၁၆။ တွန်ထွန့်ဖန်ခေါ် ရေကျော်ကန်

ထိုကန်နံဘေးတွင် ရေကန်တစ်ကန်ရှိသည်။ ထိုကန်မှတစ်ဆင့် ဇွဲကပင်တောင်စွယ်၊ လွန်းညတောင်၊ လက္ခဏာတောင်၊ နတ်ထိပ်တောင်တို့ကို မြင်နိုင်သည်။

၁၇။ လက်ရေးစင်းအုတ်ချပ်များ

ဤဂူတွင်တွေ့ရသော အုပ်ချပ်များသည် ကော့ဂွန်း၊ရသေ့ပျံ၊ ဖားကပ်၊ ဘုရင်ညီနောင်၊ဓာတ်ကျိုက်၊ ရဲသာနောင်ခရိုင် ဂူများရှိ လက်ရေးစင်းအုတ်ချပ်များနှင့်တူညီသည်။ လက်ရေး စင်း အမျိုးအစား ၂၂-မျိုးတွင် ပါ၀င်သည်။

၁၈။ ကျောက်ကမ်းပါံးမှ ကျောက်ကပ်အုပ်ခွက်ဘုရားများ

ရှေးအခါက မှောင်ခိုသမား၊သူခိုးတို့က တားဆီး မည့်သူ မရှိသဖြင့် အေးအေးဆေးဆေး ခွာယူကြသည်။ အချို့က လက်နက်အစောင့်ထား၍ပင် ခွာယူကြ သည်ဟုဆိုသည်။ ကျည်မထွက်သည်အထိ စွမ်းသည်ဟူသောစကားကြောင့် ခွာယူရောင်းချကြသည်။ ယခုကား အုတ်ခွက်နေရာပေါင်း ထောင်ပေါင်းများစွာကိုသာတွေ့ရပြီး ကျောက်ကမ်းပါးအမြင့်ဆုံးနေရာ ရှိ လေး၊ငါးဆူမှအပ မရှိတော့ချေ။

၁၉။ ရှေးဟောင်းစေတီတော်

ဂူအတွင်း ပေ-၁၀၀ခန့်တွင် ကိုးတောင်ပြည့်စေတီတစ်ဆူရှိသည်။ ရှမ်းတို့က တည်သည်ဟုလည်းကောင်း မွန်တို့က တည်သည်ဟုလည်းကောင်း ဆိုကြသည်။ အထောက်ထားကား မတွေ့ရသေးချေ။ ထူးခြားမှုမှာ ရသေ့ပျံဂူရှိစေတီနှင့် ဥာဏ်တော်အနိမ့်အမြင့်မှတပါး ပုံစံတူညီသည်။

၂၀။ ဆဒ္ဒန်ဂူကျောင်းရှိ ရှေးဟောင်းရုပ်ပွားတော်

ရှေးက မသမာသူတို့ ယူဆောင်ရာမှ လက်ကျန်ဖြစ် ဟန်တူသည်။ အကျိုးအပဲ့များသာ ရှိတော့သည်။ ကိုးဆူရှိသည်။

၂၁။ တိုက်ကျောင်းကြီးအပေါ်ထပ်ရှိ ဘီရိုနှစ်လုံး

၁၂၉၀-တွင် ပြာသိုလကွယ် ကော့မူးတာရွာ ဦးဖော်လဲတို့ မှ ဆင်းတုခန်းလှူသည်ဟူသော စာကိုတွေ့ရှိရသည်။ ဤစာအရ ယခင်က ဆင်းတုတစ်ဆူရှိရမည်။

၂၂။ ရှေးဟောင်းလျောင်းတော်မူဘုရား

ရှမ်းတို့က တည်သည်ဟုဆိုသည်။ သို့သော် ရှမ်းတို့၏လက်ရာ မတွေ့ရ၊ အခြားအဆိုတစ်ရပ်မှာ မုတ္တမ မွန်မင်းဆက်(ဝါရီရုမင်းဆက်)လက်ထက်တွင် တည်သည်ဟု ဆိုသည်။ ရှေးကမွန်တို့သည် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင် လာရောက်လေ့ရှိကြသော်လဲ ယနေ့ခေတ်တွင် အဝေးမှမလာနိုင်ကြတော့ပဲ ရပ်နီးမှမွန်တို့သာ လာကြသည်။ ဆဒ္ဒန်ဂူတွင် အကြီးဆုံးနှင့် အထင်ရှားဆုံး ရှေးဟောင်းပစ္စည်းဖြစ်သည်။

၂၃။ ထူးသောကျောက်တုံးကြီး

၁၃၂၀-ခု၊ ဆရာတော်ဦးဝါရိန္ဒလက်ထက် လိုဏ်အတွင်း စေတီနှင့် ၊ လျောင်းတော်မူအကြား ကျောက်တုံးတစ်တုံးကျလာသည်။ ဆရာတော်ရွှေ့ခိုင်းသဖြင့် ရွှေ့ကြသော်လည်း မရွေ့ချေ။ ဤအတိုင်းဆိုလျင် ခက်ချေပြီ။ သို့သော် သင်္ကြန်ကျရန် ၂-ရက်အလို ညသန်းခေါင်တွင် ဂူအနီးမှ လူသံကဲ့သို့အသံများကြားရပြီး ကျောက်တုံးကြီးအနီးတွင် မီးအလင်းရောင်မြင်ရ၍ ပေါ်လိုက်ပျောက် လိုက်ဖြစ်နေကာ မိုးသောက်သောအခါ ကျောက်တုံးသည် ကျောက်ကမ်းပါးဂူခြေ၌ တစ်ဖက်တွင် မှီကပ်နေ သည်။ ယနေ့တိုင် ၄၅-ဒီဂရီစောင်းလျက် တည်ရှိနေသည်။

ဆဒ္ဒန်လိုဏ်ဂူ၏ နှစ်စဉ်ပွဲတော်များ

***********************************

၁။ ဆဒ္ဒန်လှိုဏ်ဂူပွဲတော်
{နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ပုံမှန်ကျင်းပသည်}

၂။ တန်ခူးလဘုရားပွဲတော် ရဟန်းခံရှင်ပြုပွဲ။

၃။ ကဆုန်လညောင်ရေသွန်းပွဲ။

၄။ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ
{ဝါခေါင်လဆန်း ၁-ရက်မှ ၁၅-ရက်ထိ သင့်သောရက်တွင် ကျင်းပသည်}

၅။ ဝါခေါင်လဆုတ် ၁-ရက်နေ့ မွန်အမျိုးသားပွဲ။

၆။ တော်သလင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ။

၇။ သီတင်းကျွတ် တန်ဆောင်တိုင်မီးထွန်းပွဲတော်။