လှိုဏ်ကော့ဖျား လှိုဏ်ဂူ

 

လှိုဏ်ကော့ဖျား လှိုဏ်ဂူ

*************************

ဘားအံမြို့တွင်းမှ ကီလိုမီတာ ၃၀ ဝန်းကျင် (၁၉ မိုင်) ခန့်သွားရသည်။

ဘားအံ လှိုင်းဘွဲ့လမ်းသို့ကွေ့ပီး ညာဘက်မဲဘောင် .... နောင်ပလိန် ရွာမြေလမ်းအတိုင်း မိနစ် ၄၀ ခန့်သာသွားရသည် ...

တောင်ကလေးဆရာတော် အရှင်ပညာသာမိမှ ကမကထပြု၍ ရှေးခေတ် ဘုရားပျက်တည်ရှိရာလှိုဏ်ဂူအား လက်နက်ခဲယမ်းများဖြင့် ဂူပေါက်ပွင့်စေကာ လှိုဏ်ဂူအား ပြန်လည်ပြုပြင်စေခြင်းဖြစ်သည် ...

၂၀၀၈ ၁၂ လပိုင်းမှ စတင်ပြုပြင်ခဲ့သည်ဟု ပြုပြင်ရေးဦးဆောင်နေသူ ဆရာတော်ထံမှသိရှိရပါသည်။

လမ်းတလျောက် နောင်သရက် နောင်ပလိန် ရွာများကိုဖြတ်ကျော်သွားရပြီး ရိုးရာ ကရင်နေအိမ်များ သဘာဝအလှ မပျက်ယွင်းသေးသည့် တောတောင်များကိုလည်း ပုံံအမျိုးမျိုးမြင်တွေ့နိုင်ပေသည်။ လှိုဏ်ဂူပုံစံသည် ဒယ်အိုးကြီးမှောက်ထားသကဲ့သို့ တည်နေပြီး အထဲတွင် ရှေးလက်ရာဘုရားဟောင်းများ ဘုရားပျက်များ ကျောက်ခက်ပန်းဆွဲများ လှိုဏ်ဂူအပေါက်များ များပြားစွာတည်ရှိနေပြီး လူသူအရောက်နဲပါးသောကြောင့် သဘာဝပုံစံများ များစွာတည်ရှိနေသေးသည်။

လှိုဏ်ဂူပြုပ်ြရေးလုပ်သားများမှာ ဆရာတော်မှနေ၍ အနီးပတ်ဝန်းကျင်ရွာများမှ လုပ်အားပေးအလှည့်ကျပြုစေခြင်းဟုသိရသည် .... နောင်ပလိန်ရွာတွင် အိမ်ခြေ ၄၀ ဝန်းကျင်ရှိသည်ဟု ရွာခံတစ်ဦး၏ပြောပြချက်အရသိရှိရသည်။ မိုးတွင်းအခါ ကားဖြင့်သွားလာ၍မရပဲ ရေလမ်း စက်လှေဖြင့်သာ သွားလာကြရသည်။

နှစ်အတော်အတန်ကြာ အမဲရောင်နယ်မြေ သတ်မှတ်ထားသဖြင့် ရွာခံများမှာ တိုးတက်မှုအဆင့်နိမ့်ပါးနေကြသည် ကရင်ဘာသာစကားသာပြောဆိုပြီး မြန်မာလို ရေရေလည်လည် မပြောတတ်ပေ။ အစိုးရမူလတန်းကျောင်းသာရှိပြီး တောင်ကလေးဆရာတော် ဦးစီး၍ နောင်ပလိန် ဘက ဘုန်းတော်ကြီးကျောင်းအားလည်းတည်ထောင်ထားသည် ...