Bat Cave

 

ဘားအံမြို့က လင်းနို့ဂူ ( Bat Cave )

*************************************

လင်းနို့ဂူတဲ့ ဇီဝဗေဒနဲ့သဘာဝကိုချစ်မြတ်နိုးတဲ့သူတွေ အတွက်တော့ တကယ့်အံ့မခန်းစရာနေရာလေးတစ်ခုပါပဲ။ညနေ နေဝင်ချိန်ရောက်တိုင်း ဘီလီယံနဲ့ချီတဲ့ လင်းနို့တွေဟာ ကျောက်တောင်ဂူပေါက်ကနေပျံသန်းထွက်ခွါလာပြီး သံလွင်မြစ်ကြောင်းတစ်လျှောက်မုတ္တမကွေ့အထိ ပင်လယ်ရေသောက်ဆင်းကြပါတယ်။ ဒီလောက်များပြားတဲ့လင်းနို့တွေ ခိုအောင်းပျော်စံရာ ဂူမျိုးကိုအရှေ့တောင်အာရှမှ လာအိုနိုင်ငံမှာတစ်ခု အခုဒီနေရာလေးမှာတစ်ခုသာ တွေ့နိုင်မှာဖြစ်ပါတယ်။ ဘားအံမြို့ခံလူတွေတောင် သိပ်မသိကြပေမယ့် နိုင်ငံတကာကtourists တွေကြားမှာတော့ အလွန်ရေပန်းစားတဲ့နေရာလေး တစ်ခုပဲဖြစ်ပါတယ်။ လင်းနို့တွေကိုစိတ်ဝင်စားတဲ့သူ လင်းနို့တွေကိုလေ့လာတဲ့သူတွေအတွက်သာမက တကယ့်နေဝင်ဆည်းဆာအလှခံစားမှုကိုပါပေးစွမ်းနိုင်တဲ့နေရာလေးဖြစ်ပါတယ်။

ဒီလိုအရှေ့တောင်အာရှမှာနစ်နေရာပဲရှိတဲ့အရာမျိုးကို ကျွန်တော်တို့မြန်မာလူမျိုးတွေ ဒါငါတို့နိုင်ငံကပါလားဆိုပြီး သိသင့်ဂုဏ်ယူသင့်ပါတယ်။

လေ့လာသူတွေ ဇီဝပညာရှင်တွေအနေနဲ့ လဲကွင်းဆက်တွေကိုထိန်းသိမ်းသင့်ပါတယ်။

ဒီလိုစာရေးသူရဲ့လမ်းညွှန်လေးနဲ့အတူထိုနေရာလေးကိုသွားကြတာပေါ့။