သာယာရွှေဂူ

 

သာယာရွှေဂူ

***************

ကရင်ပြည်နယ် ဘားအံနယ် မြိုင်ကျေးရွာအနီးတွင် ရှိသည်။ ထိုဂူတည်ရှိရာ တောင်ကို လေးဖိုးဟု ယခင်က သိကြသည်။ လေးဖိုးဟူသည်မှာ ကရင်ဘာသာစကားဖြစ်ပြီး တောင်ကလေးဟု အဓိပ္ပါယ်ရသည်။ တောင်အထက်နားတွင် ထုတ်ချင်းပေါက် လိုင်ဂူရှိသည်။

ထိုတောင်မှာ ပေါင်းချောင်အိုးနှင့်တူသောကြောင့် ပေါင်းချောင်အိုးတောင်ဟုလည်း ကရင်ဘာသာဖြင့် ခေါ်သေးကြောင်း သိရသည်။ နောက်ပိုင်းတွင် မြိုင်ကြီးငူဆရာတော်မှ သာယာရွှေဂူဟု မှည့်ခေါ်စေခဲ့သည်။ သာယာရွှေဂူကျောင်းကို လေးဖိုးဖျာ့ဟု ယခုတိုင် လူသိများသေးသည်။

အမည်နာမကို စိတ်မဝင်စားသူ အချို့က လင်းနို့ချေးဂူဟု မှတ်မိတတ်ကြသည်။ မှန်ပါသည်၊ ယခင်က လင်းနို့ချေးများ ရှိ၍ ဂူထဲသို့ပင် မဝင်နိုင် ဖြစ်ကြရသည်။

သို့သော် ယခုအခါ လင်းနို့ချေးသည်လည်း ထွက်ကုန်တစ်ခုအဖြစ် စျေးကွက်စီးပွားရေးတွင် ပါဝင်လာသည့်အတွက် အနံ့အသက်ကင်းနေပြီ ဖြစ်ပါကြောင်း နှစ်ထောင်းအားရစွာ အသိပေးတင်ပြလိုက်ရပါသည်။