လှိုင်းဘွဲ့မြို့နယ်၊ ကျောက်တောင်ကျေးရွာရှိ ဆုတောင်းပြည့်ဖောင်တော်ဦးစေတီ နှင့် ရေတံခွန်သည် ဘားအံမြို့မှ (၂၄)မိုင်ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး လုံခြုံ ကောင်းမွန်မှုကြောင့် မော်တော်ယာဉ်ဖြင့် သွားရောက်ရန် (၄၅)မိနစ်ခန့်သာ ကြာမြင့်ကာ ရာသီမရွေးသွားလာ လည်ပတ်နိုင်ပါသည်။
ဖောင်တော်ဦးစေတီနှင့်ရေတံခွန်သို့ (၁)ရက်လျှင် ဧည့်သည် (၂၀၀ မှ ၃၀၀) ဦး ကြား လာရောက်လည်ပတ်ကြပြီး လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်များအား သတ်သတ်လွတ် ထမင်းဟင်းများဖြင့် နေ့စဉ် တည်ခင်းဧည့်ခံကျွေးမွေးလျက်ရှိပါသည်။
ဆုတောင်းပြည့်ဖောင်တော်ဦးစေတီနှင့် ရေတံခွန်တောင်ပေါ်သို့ ဇောင်းတန်းမှ လည်းတက်နိုင်သလို ကား/ဆိုင်ကယ်များဖြင့်လည်း လည်ပတ်ကြည့်ရှုနိုင်ပြီး ကား/ဆိုင် ကယ်များဖြင့် တက်မည်ဆိုလျှင် တောင်တက်လမ်းတလျှောက်ရှိ တောတောင် သဘာဝအ လှတရားများကို တဝကြီးကြည့်ရှု ခံစားနိုင်မည်ဖြစ်ပါသည်။
ဖောင်တော်ဦးစေတီတောင်တက်လမ်းနှင့် တဆက်တည်းရှိသော မြသိန်းတန်စေ တီသို့ သွားရောက်ဖူးမျှော်နိုင်ပြီး မြသိန်းတန်စေတီသွားရာ လမ်းဘေးဝဲယာတလျှောက် တွင်လည်း စေတီငယ်ပေါင်း (၅၂၈)ဆူဖြင့် ဝန်းရံတည်ထားသည်ကို မြင်တွေ့ဖူးမျှော်ရ မည်ဖြစ်ပါသည်။
ဆုတောင်းပြည့် ဖောင်တော်ဦးစေတီနှင့် မြသိန်းတန်စေတီတော်တည်ရှိရာ ကမော့ ပေါသစ်တောကြိုးဝိုင်းအား Eco-Tourism ဆောင်ရွက်နိုင်ရေးနှင့် ခရီးစဉ်ဒေသသစ်တစ်ခု အဖြစ် ဖော်ထုတ်၍ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ် ကြည့်ရှုနိုင်ရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။









