- ကရင်ပြည်နယ်၊ ဘားအံမြို့အနီး လှိုင်ကားကျေးရွာတွင်တည်ရှိပြီး ကြာအင်းတောင်ဘက်မှ လာရောက်နိုင်သလို နောင်လုံတောင်ကြားလမ်းဘက်ကနေလည်း လာရောက်လည်ပတ်နိုင်ပါတယ်၊ ထွန့်ပတိုင်တောင်ပေါ် သို့တက်၍ တောင်ပေါ် View Point များကြည့်ရှုနိုင်ပြီး တောင်ခြေရင်းတွင် စိမ်းပြာရောင် ထွန့်ပတိုင်ကန်ရေ ပြင်ကြီးက ကြိုဆိုနေမှာဖြစ်ပါတယ်။ လာရောက်လည်ပတ်သူ အနယ်နယ် အရပ်ရပ်မှ ခရီးသွားဧည့်သည်များအား သတ်သတ်လွတ် စတုဒီသာများဖြင့် နေ့စဉ် တည်ခင်းဧည့်ခံကျွေးမွေးလျက်ရှိပါတယ်။
- ဘားအံမြို့လေးရဲ့ ခရီးသွားဆွဲဆောင်မှုအရှိဆုံးနှင့် ပြည်တွင်းခရီးသွား ဧည့်သည်များ အများဆုံးလာရောက် လည်ပတ်ရာ ခရီးစဉ်ဒေသတစ်ခုဖြစ်တဲ့ ထွန့်ပတိုင်ကန်ခရီးစဉ်အား လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါ တယ်။



