ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၃) ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့၊ ခရစ်သက္ကရာဇ်(၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကရင်ရိုးရာကောက်သစ် စားပွဲကို ဘားအံမြို့၊ သီရိကွင်းနှင့် ပြည်နယ်အတွင်း နေရာဒေသအသီးသီးတွင် စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါသောကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လေ့လာလည်ပတ်၍ ပါဝင်ဆင်နွှဲနို်ငပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။














