ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲ မှ တက်ရောက်ခြင်း

 

oct news 01

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာမြန်မာကွန်ဗင်းရှင်းစင်တာ(၂)၌ ကျင်းပပြုလုပ်သောကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊နိုင်ငံတော်အကြီးအကဲများ၊တပ်မတော်မှအကြီးအကဲများ၊မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ကရင်ဇုန်) မှ လုပ်ငန်းရှင် (၇)ဦး နှင့်အတူ ကော်မတီအတွင်းရေးမှူးတို့တက်ရောက်ခဲ့ပါသည်။

 

 
oct news 02

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာမြန်မာကွန်ဗင်းရှင်းစင်တာ(၂)၌ ကျင်းပပြုလုပ်သောကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်ပြခန်းများတွင် ကရင်ပြည်နယ်ပြခန်းမှ ခင်းကျင်းပြ သခဲ့သော ကရင်ပြည်နယ်ဒေသထွက်ကုန်များ၊ ရိုးရာတူရိယာများနှင့် အမှတ်တရပစ္စည်းများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် နိုင်ငံတော်အကြီးအကဲများ ဧည့်သည်တော်များမှ ကြည့်ရှုလေ့လာခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်(၃)ဦး တို့ မှ တာဝန်ယူပြသခဲ့ပါသည်။

 

 
oct news 03

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များပါဝင်လျက် ဘားအံမြို့၊ဆဒ္ဒန်ဂူသို့သွားရောက်၍ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးစစ်ဆေးပြီး ခရီးသွား ပြည်သူများ အပန်းဖြေအနားယူနိုင်စေရေးအတွက် တာဝန်ရှိသူများအား စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန် မှာကြားခဲ့ပါသည်။

 

 

 
oct news 04

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့တွင် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦး သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက်၊ဘားအံမြို့၊ကော့တရုတ်ရကျေးရွာအုပ်စုရှိ မီးအိမ်ဝါးလက်မှုပစ္စည်း အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ရိုးရာဝါးလက်မှုပစ္စည်းများ ကိုပြည်တွင်း၊ပြည်ပခရီးသွားများသို့အမှတ်တရပစ္စည်းအနေဖြင့်ဟိုတယ်တည်းခို ရိပ်သာများတွင် ပြသရောင်းချခြင်း၊ဒေသခံများအလုပ်အကိုင်အခွင့် အလမ်းရရှိ ခြင်း၊ One Village One Product ဖြစ်စေခြင်း၊ ဈေးကွက် ပိုမိုရရှိစေခြင်းတို့ အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။