၂၀၂၃ ခုနှစ်၊ မေလနှင့် ဇွန်လအတွင်း ကရင်ပြည်နယ်ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုသတင်းအချက်အလက်များ

 
20230621 news 01
20230621 news 02
20230621 news 03
 

၂၀၂၃ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့

ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် (၂၁-၆-၂၀၂၃) ရက်နေ့တွင် ပြုလုပ်ကျင်းပသော (၁/၂၀၂၃) ခရီးသွားလုပ်ငန်းဗဟိုကော်မတီအစည်းအဝေးသို့ Onlineမှ တက်ရောက်ခဲ့ပြီး၊ အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၂/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အားတင်ပြခဲ့ပြီး၊ ကရင်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်လည်ပတ်တည်းခိုမှု၊ ဝင်ငွေရရှိမှု၊ ချစ်ကြည်ရေးတံတားအမှတ်(၁)မှ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု၊ ခရီးသွားမြှင့်တင်ရေးအတွက် Visitkayin,com Web Site နှင့် Facebook Pages တို့တွင် ခရီးစဉ်ဒေသများ ကြော်ငြာထည့်သွင်းခြင်း၊ ခရီးစဉ်များ လုံခြုံရေးနှင့် စဉ်ဆက်မပြတ် သန့်ရှင်း သာယာလှပအောင် ဆောင်ရွက်နေခြင်း၊ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် ခရီးသွားလုပ်ငန်းကော်မတီတို့မှလမ်းညွှန်မှာကြားချက် များအားဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် နေခြင်းများအား တင်ပြဆွေးနွေးခဲ့ပါသည်။

 

**********

 
20230601 news 01
20230601 news 02
20230601 news 03
20230601 news 04
 

၂၀၂၃ခုနှစ်၊ ဇွန်လ(၁)ရက်နေ့

ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်နယ် MSME အေဂျင်စီနာယက သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများပါဝင်လျက်၊ ပြည်နယ် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအေဂျင်စီ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ပြည်နယ်တွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဟာ အလွန်အရေးကြီးပြီး သွင်းကုန်အစားထိုး ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက် သွားရန်လိုအကြောင်း၊ဒေသထွက်ကုန်များကို ကုန်ချော အဖြစ်ထုတ်လုပ်ပြီးပြည်ပသို့တင်ပို့ရောင်းချနိုင်ရန်၊စွန့် ဦးတီထွင်မှုများဆောင်ရွက်ရန်လိုအကြောင်းမှာကြားခဲ့ ပါသည်။

ထို့နောက် ပြည်နယ်အဆင့် MSME အဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြုတင်ပြဆွေးနွေးခဲ့ပါသည်။

 

**********

 
20230627 news 01.jpg
 

၂၀၂၃ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့

(၂၇-၆-၂၀၂၃)ရက်နေ့တွင် ပြည်နယ်ဇွဲကပင်ခန်းမ၌ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ထုတ်ကုန်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ပြည်နယ်MSMEsနာယက၊ ပြည်နယ် ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦးမှ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

Talk Show စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်နယ်တွင်း MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများဖြစ်သော စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ၊ လူသုံးကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်လုပ်မှုကဏ္ဍ၊ သစ်တောထွက်ပစ္စည်း(ဝါး)ထုတ်ကုန်ကဏ္ဍနှင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကဏ္ဍတို့ကို အခမ်းအနားတွင် MSMEs ထုတ်ကုန်ထူးချွန်ဆု(၇)ဆု ချီးမြှင့်ရာ Zwekapin Valley Resort & Spa Hotel မှ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုထူးချွန်ဆု (၁)ဆု လက်ခံရရှိခဲ့။

 

**********

 
20230618 news 01
20230618 news 02
20230618 news 03
 
20230618 news 04
20230618 news 05
20230618 news 06
 

၂၀၂၃ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့

ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများပါဝင်လျက်၊ ဘားအံ မြို့၊ နောင်ခရိုင်ကျေးရွာ၊ ရေဂူသို့ သွားရောက်စစ်ဆေး ပြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ခရီးသွား ပြည်သူများ အပန်းဖြေအနားယူနိုင်စေရေး အတွက် တာဝန်ရှိသူများအား စဉ်ဆက်မပြတ် လုပ်ဆောင်သွား ရန် မှာကြားခဲ့ပါသည်။

 

**********

 
20230620 news 01
20230620 news 02
20230620 news 03
 
20230620 news 04
20230620 news 05
20230620 news 06
 

၂၀၂၃ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့

ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် အဆင့် ဌာနဆိုင်ရာများပါဝင်လျက်၊ ဘားအံမြို့၊ အိန္ဒုကျေးရွာ၊ ပအိုဝ်းစု အထက်ပိုင်းရှိ ကရင်ရိုးရာရက်ကန်း လုပ်ကိုင်သူလုပ်ငန်းရှင်များအားတွေ့ဆုံ၍ လုပ်ငန်းရှင်ဦးခွန်စိန်သန်းပိုင် ရက်ကန်း(၄၀)ကျော် လုပ်ငန်းခွင်သို့ သွား ရောက်ကြည့်ရှုလေ့လာခဲ့ပြီး ကရင်ရိုးရာအဝတ်အထည်ရက်လုပ်မှု၊ တင်ပို့ရောင်းချမှု၊ ရက်ကန်းစက်ရုံသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လေ့လာလည်ပတ်မှုအခြေအနေတို့ကို လိုအပ်သည်များမေးမြန်းဆွေးနွေး ခဲ့ပြီးတာဝန်ရှိသူများနှင့်ဝိုင်းဝန်းဆွေးနွေးကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်သွားရန် မှာကြားခဲ့ ပါသည်။

 

**********

 
20230505 news 01
20230505 news 02
20230505 news 03
20230505 news 04
 
20230505 news 05
20230505 news 06
20230505 news 07
20230505 news 08
 

၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကြီးမှူး၍ ဘားအံမြို့ကျက်သရေဆောင်သေဠမာရ်အောင်မြတ်စွာဘုရားပရိဝုဏ်အတွင်းအင်္ဂါထောင့်ရှိမဟာဗောဓိညောင်ပင် ရင်း၌(၁၂)လရာသီပွဲတော်တစ်ခုဖြစ်သောကဆုန်လပြည့်နေ့ဗုဒ္ဓနေ့အခမ်းအနား၊ညောင်ရေသွန်းလောင်းမဟာ မင်္ဂလာအခမ်းနား၊ မြို့ပေါ်ရှိ သီလရှင်နှင့်သံဃာတော်(၂၆၁၃) ပါးအား ပဲဆွမ်းလောင်းလှုပွဲအခမ်းအနား၊ စတုဒိသာအလှူတော်မင်္ဂလာအခမ်းအနားများအား ခြိမ့်ခြိမ့်သဲပြုလုပ် ကျင်းပခဲ့ရာ ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင်ဒေသများမှခရီးသွားပြည်သူများ တပျော်တပါးလာရောက်ကုသိုလ်ပြုဆင်နွှဲကြပါကြောင်း သတင်းရရှိပါသည်။

 

**********