Kawgunn Cave

kawgunn cave 01

Kawgunn Cave is situated in Kawgunn Village in the west bank of Thanlwin River, approximately eight miles of Hpa-an. The chronicle said in 419 M.E (AD-1057), King Anawrahta waged war against King Manuhā of Thaton on account of seizing Tipitaka. King Anawrahta took ex-king Manuhā, scholars, and Tipitaka to Bagan. Queen of Mottama, one of the queens of ex-king Manuhā, evacuated from Thaton and reached Kawgunn Cave. While the queen was hiding in this cave, she made the sculptors to sculpture Buddha images, and pagodas inside the cave. She not only sculptured Buddha images and built pagodas in this Kawgunn Cave but also in other caves nearby. The Kawgunn Cave is the one of most interesting caves in Kayin State.

 

The area of this cave is 80 feet in length and 40 feet in wide. The cave is facing east. It is one sided open cave and has sufficient light. A cliff is over-shielding from one side that it escapes from raining and wind. The entrance of the cave is 10 feet high from the ground. The votive tablets of 3" to 4" were attached on the walls of the entrance and outside of the cave. Moreover, the Buddha images of ten feet to 15 feet high in different styles and mudra were sculptured. The inscription and Buddha images found inside the cave are the concrete evidences of Buddhism. It is learned that Kawgunn Cave has been used as an edifice for Buddhism. The study of ancient sculptures in this cave show the civilization of mankind who had settled in Kayin State. It could also investigate how ancient settler in the Kayin State established city states, and they could perform and practice their beliefs and customs.

kawgunn cave 02
 
kawgunn cave 03

In 2008, Ministry of Culture announced the Kawgunn Cave as Ancient Monumental Zone and Protected and Preserved Zone in order to protect ancient cultural heritage in this cave.This ministry made its preservations and conservations by issuing orders and by chemical preservations, and by educating the local people in preservation and conservation by collaboration with administrative and security officials for the sustainable preservation and safeguarding of sculptures and cultural heritages in the Kawgunn Cave. The festival of Kawgunn Cave is annually held on New Year day of Myanmar Era. The Kawgunn Cave is existed as living museum to study sculptures of votive tablets, Buddha images and ancient art and architecture.

 

 

 

ကော့ဂွန်းဂူ

*************

ရှေးဟောင်းသမိုင်းဝင်ကော့ဂွန်းဂူဟာ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ဖားကပ်စံပြကျေး ရွာ၊ ကော့ဂွန်းကျေးရွာအနီး ကော့ဂွန်းတောင်ပေါ်ရှိ ထုံးကျောက်သဘာ၀ လိုဏ်ဂူတော် တစ်ခုဖြစ်ပါတယ်။ ဒီလိုဏ်ဂူတော်အတွင်း မြေပြင်ဘက်ကျောက်သားနံရံတို့ နှင့် သပ္ပါယ်လှစွာ မွမ်းမံချယ်သထားသော များပြားလှသည့် ဗုဒ္ဓရုပ်ပွားတော်များ ရှိပါတယ်။ ပြီးတော့ ရှေးဟောင်းကမ္ဗည်းစာ နှင့် ရှေးလက်ရာရုပ်လုံး ၊ရုပ်ထုများ တွေ့ရှိရသောကြောင့် ကျော်ဇောထင်ရှားပြီး မြန်မာ့သမိုင်းဝင် တန်ဖိုးကြီးမားသော ရှေးခေတ်လိုဏ်ဂူ တစ်ခု ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတစ်ဝုိက်မှာ လူသိများထင်ရှားသော ဂူကြီးများ အနက် ဒီကော့ဂွန်းလိုဏ်ဂူတော်ကြီးကတော့ အထင်ရှားဆုံးဂူတော်ကြီးပဲ ဖြစ်ပါတယ်။ ဒီဂူကြီးထဲမှာ ရှေးဟောင်းအုတ်ခွက်ဗုဒ္ဓရုပ်ပွားတော်များ ၊ ဗုဒ္ဓဆင်းတုတော်များ ၊ အုတ်ခွက်ဘုရားများ၊ ရှေးဟောင်းဗုဒ္ဓ၀င်ကျောက်ဆစ် ပန်းပုလက်ရာများ ၊ ဂူနံရံပေါ်မှ အုတ်ခွက်ဘုရားများစွာ အလွန်စိတ်၀င်စားစရာ ကောင်းလှပါတယ်။

 

သမိုင်းကြောင်း

*****************

လွန်ခဲ့တဲ့ မြန်မာသက္ကရာဇ် (၄၁၉) ခုနစ်တွင် ပုဂံပြည်ရှင် အနော်ရထာမင်းက ဘာသာရေးကို အကြောင်းပြပြီး သထုံပြည်ကြီးရှင် မနူဟာမင်းအား စစ်ခင်းခဲ့ရာ သထုံပြည်ကြီးကို ပျက်စီးခဲ့ပါတယ်။အဲဒီနောက် အနော်ရထာမင်းဟာ မနူဟာမင်းနဲ့ ပိဋကတ်တော်များ၊ ပညာရှင်များကို ပုဂံသို့ ခေါ်ဆောင်သွားပြီး ထိုအထဲမှ မုတ္တမ မိဖုရားကြီးက ရှောင်တိမ်းရာမှ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မိဖုရာကြီးက ရှောင်တိမ်းရာမှ ကော့ဂွန်းဂူသို့ ရောက်ရှိခဲ့ပါတယ်။ မိဖုရားကြီးက ဒီဂူကြီးရောက်ခဲ့တဲ့အချိန် ပုန်းအောင်းနေစဉ်အတွင်းမှာပဲ မိဖုရားကြီးက စေတီများ၊ ဗုဒ္ဓဆင်းတုတော်များ ၊ ရုပ်ကြွများ ထုလုပ်ပူဇော်ခဲ့ပါတယ်။ မိဖုရားကြီးဟာ ကော့ဂွန်းဂူ၌ သာမက အနီးအနားရှိ ပတ်၀န်းကျင် ထုံးကျောက်လှိုင်ဂူများ ၊ ဂဝံစေတီများ ၊ဗုဒ္ဓဆင်းတုတော်များ ထုလုပ်ပူဇော်ခဲ့ပါတယ်။ ပြီးတော့ ဒီကော့ဂွန်းဂူကြီးထဲမှာ ထူးဆန်းသော ဘုရားရုပ်ထုတော် တစ်ဆူ ရှိပါတယ်။ မုတ္တမ မိဖုရာကြီးသည် ပုန်းအောင်းနေစဉ်အတွင်းမှာ ခံစားနေရတဲ့ ဝေဒနာ၀ဋ်ကြွေးတွေကို ကျေစေလိုသောကြောင့် ဆုတောင်းပြည့် “အကြွေးကြေဘုရား” တစ်ဆူလဲ တည်ထားခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီကော့ဂွန်းဂူကြီးဟာ အလွန်ထင်ရှားပြီး အလွန်စိတ်၀င်စားစရာကောင်းသော ဂူကြီးတစ်ခု ဖြစ်ပါတယ်။